စွန့်ပစ်သတ္တုများဖြင့် တည်ဆောက်ထားသည့် မိတ်ဒ်အင်ချိုင်းနား batmobile မော်တော်ကား

ပို့စ်တင်ချိန် - 6/06/2014 06:24:00 AM


တရုတ်နိုင်ငံမှ batman ရုပ်ရှင်ပရိသတ်တစ်ဦးသည် batman စီးနင်းလေ့ရှိသည့် နာမည်ကျော် batmobile မော်တော်ကားပုံစံတူကို အောင်မြင်စွာ ဆောက်လုပ်ပြခဲ့ကြောင်း သိရသည်။


စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် လီဝေလိုင်သည် ၎င်း၏ အဖွဲ့နှင့်အတူ အပတ်တကုတ်ကြိုးစားခဲ့ပြီး ရလဒ်အဖြစ် batmobile စီးတော်ယာဉ်နှင့် မော်ကြွားခွင့် ရနေပြီဖြစ်သည်။ ၎င်းသည် ယင်းမော်တော်ကားကို စတာလင်ပေါင် ၇၀၀၀ ကျော်မျှ သာ အကုန်အကျခံပြီး တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ လီသည် စွန့်ပစ်အမှိုက်သရိုက် ပစ္စည်းများအနက်မှ သတ္တု ၁၀ တန်ခန့်ကို ထုတ်နုတ်ယူပြီး batmobile ကို ဖန်တီးခဲ့ ခြင်းဟုဆိုသည်။ လီတို့အဖွဲ့သည် သတ္တုကြမ်းများကို စိတ်ရှည်လက်ရှည် အချော
သတ်ညှိနှိုင်းပြီး ကားကိုယ်ထည်ကို ပုံစံချခဲ့ခြင်းဖြစ်သည်။

batman ဇာတ်ကားများတွင် ဘီလျံနာသူဌေး ဘရုစ်ဝိန်းအနေဖြင့် ၎င်း၏ လူသိမခံသော သိပ္ပံလူစွမ်းကောင်းဘဝတွင် batmobile ကိုစီးနင်းမောင်းနှင်ပြခဲ့ပြီး လီက ယင်းမော်တော်ကားကို အသည်းစွဲနှစ်ခြိုက်နေခဲ့သည်။ ထို့ကြောင့်လည်း ကိုယ်ပိုင် batmobile ကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ လီအနေဖြင့် ယွမ်ငွေ ၇၀၀၀၀၊ တစ်နည်းအားဖြင့် စတာလင်ပေါင် ၇၁၀၀ နီးပါးမျှ အသုံးပြုရန်မူ လိုအပ်ခဲ့သည်။ အသက် ၂၆ နှစ်ရှိ လီသည် ငွေကြေးခြွေတာသည့်အနေဖြင့် ကားကိုယ်ထည်ကို ပေါလစ်ရှ် တိုက်ရာတွင် ကိုယ်တိုင်ပင် အပင်ပန်းခံလုပ်ဆောင်ခဲ့သည်။ ၂ လကြာ ကြိုးစားတည် ဆောက်ပြီးနောက် batmobile သည် အပြည့်အဝရုပ်လုံးပေါ်လာခဲ့ပြီဖြစ်သည်။



တရုတ်နိုင်ငံမှ batman ရုပ်ရှင်ပရိသတ်တစ်ဦးသည် batman စီးနင်းလေ့ရှိသည့် နာမည်ကျော် batmobile မော်တော်ကားပုံစံတူကို အောင်မြင်စွာ ဆောက်လုပ်ပြခဲ့ကြောင်း သိရသည်။
စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် လီဝေလိုင်သည် ၎င်း၏ အဖွဲ့နှင့်အတူ အပတ်တကုတ်ကြိုးစားခဲ့ပြီး ရလဒ်အဖြစ် batmobile စီးတော်ယာဉ်နှင့် မော်ကြွားခွင့် ရနေပြီဖြစ်သည်။ ၎င်းသည် ယင်းမော်တော်ကားကို စတာလင်ပေါင် ၇၀၀၀ ကျော်မျှ သာ အကုန်အကျခံပြီး တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ လီသည် စွန့်ပစ်အမှိုက်သရိုက် ပစ္စည်းများအနက်မှ သတ္တု ၁၀ တန်ခန့်ကို ထုတ်နုတ်ယူပြီး batmobile ကို ဖန်တီးခဲ့ ခြင်းဟုဆိုသည်။ လီတို့အဖွဲ့သည် သတ္တုကြမ်းများကို စိတ်ရှည်လက်ရှည် အချော
သတ်ညှိနှိုင်းပြီး ကားကိုယ်ထည်ကို ပုံစံချခဲ့ခြင်းဖြစ်သည်။

batman ဇာတ်ကားများတွင် ဘီလျံနာသူဌေး ဘရုစ်ဝိန်းအနေဖြင့် ၎င်း၏ လူသိ မခံသော သိပ္ပံလူစွမ်းကောင်းဘဝတွင် batmobile ကိုစီးနင်းမောင်းနှင်ပြခဲ့ပြီး လီက ယင်းမော်တော်ကားကို အသည်းစွဲနှစ်ခြိုက်နေခဲ့သည်။ ထို့ကြောင့်လည်း ကိုယ်ပိုင် batmobile ကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ လီအနေဖြင့် ယွမ်ငွေ ၇၀၀၀၀၊ တစ် နည်းအားဖြင့် စတာလင်ပေါင် ၇၁၀၀ နီးပါးမျှ အသုံးပြုရန်မူ လိုအပ်ခဲ့သည်။ အသက် ၂၆ နှစ်ရှိ လီသည် ငွေကြေးခြွေတာသည့်အနေဖြင့် ကားကိုယ်ထည်ကို ပေါလစ်ရှ် တိုက်ရာတွင် ကိုယ်တိုင်ပင် အပင်ပန်းခံလုပ်ဆောင်ခဲ့သည်။ ၂ လကြာ ကြိုးစားတည် ဆောက်ပြီးနောက် batmobile သည် အပြည့်အဝ ရုပ်လုံးပေါ်လာခဲ့ပြီဖြစ်သည်။


Planet Myanmar Network