အိုဘားမားလေ့ကျင့်ခန်းလုပ်နေပုံ ဗီဒီယိုဖိုင်ပေါ်ထွက်

ပို့စ်တင်ချိန် - 6/05/2014 07:06:00 PM





Photo – dailymail
ကြံ့ခိုင်ရေးခန်းမ (Gym) သို့သွားရောက်သူ သန်းပေါင်းများစွာကဲ့သို့ပင်  သမ္မတအိုဘားမားလည်းသွားရောက်ပြီး ဝိတ်မနေစဉ် ၎င်း၏မျက်နှာမှာ ရှုံ့မဲ့နေသည်။
ဗီဒီယိုဖိုင်တွင် အိုဘားမားသည် ကြံ့ခိုင်ရေးစက်ပေါ်တွင် လေ့ကျင့်ခန်းများအမျိုးမျိုးပြုလုပ်နေသည်။ ၎င်းလေ့ကျင့်ခန်းပြုလုပ်နေပုံကို ဗီဒီယိုရိုက်ကူး၍ အင်တာနက်ပေါ်တင်ခဲ့ရာ အုတ်အော်သောင်းတင်းဖြစ်ခဲ့သည်။
ပိုလန်နိုင်ငံ ဝါဆောမြို့ မာရီးယော့စ်ဟိုတယ်ရှိ ကြံ့ခိုင်မှုလေ့ကျင့်ခန်းအတွင်း အိုဘားမားလေ့ကျင့်ခန်းလုပ်နေပုံကို ရိုက်ကူးထားသော တစ်မိနစ် ၂၅ စက္ကန့်စာ ဗီဒီယိုဖိုင်သည် ဇွန်လ ၄ ရက်က ထွက်ပေါ်ခဲ့သည်။

ဟိုတယ်၌တည်းခိုနေသောဧည့်သည်တစ်ဦးက ရိုက်ကူးထားသည့် ယင်းဗီဒီယိုဖိုင်တွင် အိုဘားမားက အနက်ရောင်အားကစားဝတ်စုံဖြင့် လေ့ကျင့်ခန်းများပြုလုပ်နေသည်ကိုတွေ့ရသည်။ အိုဘားမားသည် သုံးနိုင်ငံဥရောပခရီးစဉ်အစဖြစ်သော ဇွန်လ ၃ ရက်က မာရီးယော့စ်ဟိုတယ်၌နေထိုင်ခဲ့သည်။

သမ္မတနောက်သို့ အမြဲလိုက်ပါနေသော ထောက်လှမ်းရေးအဖွဲ့က ဗီဒီယိုဖိုင်မှာ အစစ်အမှန်ဟုအတည်ပြုသည်။  မည်သည့်ဧည့်သည်မျှ ဓာတ်ပုံမရိုက်ရဟုမှာကြားထားကြောင်း ၎င်းတို့ကပြော ကြားသည်။

Ref: AP

7day