ကင်ဆာနှင့် အကျိတ်ဆဲလ်များကို သေစေနိုင်သော ဗိုင်းရပ်စ်တစ်မျိုး သုတေသီများ ရှာဖွေတွေ့ရှိ

ပို့စ်တင်ချိန် - 6/28/2014 04:42:00 AM



ကြွက်များတွင် ကင်ဆာဆဲလ်များမှ ဆိုးကျိုးသုံးဆအထိ ကြီးထွားလာနိုင်သည့် ရင်သားကင်ဆာဆဲလ်များနှင့် အကျိတ်များကို သေစေနိုင်သော ဗိုင်းရပ်စ်တစ်မျိုးကို သုတေသီများရှာဖွေတွေ့ရှိ ထားကြောင်း သိရသည်။

ယင်းဗိုင်းရပ်စ်က ကင်ဆာဆဲလ်များကို မည်သို့သေဆုံးစေကြောင်း နားလည်ခြင်းမှာ ရင်သားကင်ဆာကုသရန်နည်းလမ်းဆီ ဦးတည်နေသည်ဟု ပင်ဆယ်ဗေးနီးယားပြည်နယ်ဆေးကောလိပ်မှ သုတေသီများက ပြောသည်။
AAV2 ဟုခေါ်သော ဗိုင်းရပ်စ်မှာ လူသားများသို့ ကူးစက်နိုင်သော် လည်း နာမကျန်းဖြစ်စေသည်ဟု မသိရှိရပေ။ အကျိတ်ကြီးထွားမှု မြင့် မားလာစေပြီး ကုသမှုကို ခံနိုင်ရည်ရှိသော အချက်ပြလမ်းကြောင်း အများအပြားကြောင့် ရင်သားကင်ဆာကုသမှုမှာ ခက်ခဲနေဆဲဖြစ် ကြောင်း အမေရိကန်နိုင်ငံ ပင်ဆယ်ဗေးနီးယားတက္ကသိုလ်အဏုဇီဝ ဗေဒနှင့် ကိုယ်ခံအားဗေဒပါမောက္ခ ကရိတ်မေယာက ပြောသည်။

ကနဦးလေ့လာမှုများအတွင်း ယင်းဗိုင်းရပ်စ်ကို သုတေသီများက ရင်သားကင်ဆာအမျိုးမျိုးအတွက် စမ်းသပ်ခဲ့ကြကြောင်း သိရသည်။ ယင်းဗိုင်းရပ်စ်မှာ ကျန်းမာသောဆဲလ်များကို ထိခိုက်ခြင်းမရှိဘဲ ကင်ဆာဆဲလ်များကိုသာ သဘာဝအလျောက် သေဆုံးမှုကိုဖြစ်ပေါ်စေနိုင်သည်။

အကျိတ်ပုံစံကွဲပြားခြင်းကြောင့် ရင်သားကင်ဆာကုသမှုများမှာ လူနာတစ်ဦးနှင့်တစ်ဦး ကွဲပြားခြားနားသည်။ ဆိုးကျိုးသုံးဆမြင့်မားသော ရင်သားကင်ဆာမှာ အထူးသဖြင့် ပြင်းထန်သောကင်ဆာရောဂါဖြစ်သည်။

လတ်တလောလေ့လာမှုအတွင်း သုတေသီများက AAV2  ဗိုင်း ရပ်စ်ကို ဆိုးကျိုးသုံးဆမြင့်မားသော ရင်သားကင်ဆာရောဂါဆဲလ်များအတွက် စမ်းသပ်ခဲ့ကြသည်။

ကင်ဆာဆဲလ်များ သဘာဝအလျောက်သေဆုံးရန် မရှိမဖြစ်လိုအပ်သော ပရိုတိန်းဓာတ်ဖြစ်ပေါ်စေခြင်းဖြင့် AAV2 ဗိုင်းရပ်စ်က ကင်ဆာဆဲလ်များကို ၁၀၀ ရာခိုင်နှုန်းသေဆုံးစေနိုင်ကြောင်း ဓာတ်ခွဲခန်းတွင် လေ့လာတွေ့ရှိခဲ့သည်။

အဆင့်မြင့်ကင်ဆာနှင့် အဆင့်နိမ့်ကင်ဆာရောဂါနှစ်မျိုးလုံးကို ကိုယ်စားပြုသည့် ရင်သားကင်ဆာဆဲလ်များစွာ သေဆုံးမှုကို AAV2 က ကြားဝင်ဖြေရှင်းပေးသည်။

ကုသမှုကို တုံ့ပြန်စဉ်အတွင်း အကျိတ်ဆဲလ်များသေဆုံးမှုမှာ ကီမိုကုထုံး၏ အကျိုးသက်ရောက်မှုကို တိုင်းတာရာတွင်လည်း အသုံးပြုသောကြောင့် ယင်းရလဒ်များမှာ အရေးပါသည်ဟု ပါမောက္ခမေယာက ပြောသည်။

ယခုလေ့လာတွေ့ရှိမှုများကို CanCer Biology & Therapy ဂျာနယ်တွင် ဖော်ပြထားသည်။

—Ref: Internet
7day daily