စပိန်နိုင်ငံတွင် အလွန်ရှားပါးသော ခွေးစိမ်းလေး နှစ်ကောင် မွေးဖွား

ပို့စ်တင်ချိန် - 6/14/2014 08:44:00 PM



စပိန်နိုင်ငံမှာ ခွေးစိမ်းလေးနှစ်ကောင် မွေးဖွားခဲ့တာကြောင့် ပိုင်ရှင်ဖြစ်သူဟာ အံ့သြသွားခဲ့ရပါတယ်။
အသက် ၂၇ နှစ်အရွယ် Aido Vallelado က ဒီခွေးလေးနှစ်ကောင်ရဲ့ အရောင်ကို မြင်မြင်ချင်း ယုံကြည်ဖို့ အတော်ကြိုးစားခဲ့ရတယ် လို့ဆိုပါတယ်။
ပါပီလေးတွေက ညစ်ပတ်နေတာဖြစ်မယ်လို့ ကျွန်မက ထင်တာ။ ကျွန်မက သန့်ရှင်းဖို့လုပ်တယ်။ ဒါပေမဲ့ အရောင်က ပြောင်းမသွားဘူး။ ကျွန်မလည်း သိလိုက်တယ်။ ဒါ သူတို့ အရောင်ပဲပေါ့ “ လို့ မစ္စ Vallelado က ပြောကြားခဲ့ပါတယ်။


သူမရဲ့ အဖေ ၅၂ နှစ်အရွယ် Manuel Vallelado နဲ့ အတူ အမဲလိုက် ခွေးများကို မွေးကြတာဖြစ်ပြီး သူမရဲ့အဖေက ဒီခွေးလေးတွေကို ဟော့ခ် (ရုပ်ရှင်ကားထဲမှာHulk လူစိမ်းကြီး) လေးတွေ လို့ ခေါ်ပေမဲ့ ဒီကောင်လေးတွေကို ဒေါသထွက်အောင် လုပ်လို့မရဘူးလို့ သူမက ပြောကြားခဲ့ပါတယ်။

တိရိစ္ဆာန်ဆရာဝန် Daniel Valverde က “စပိန်နိုင်ငံ သိပ္ပံဆိုင်ရာ စာအုပ်တွေထဲမှာ ဒီလို မှတ်တမ်းမျိုးမရှိပါဘူး။ အဖြေရှာဖို့အတွက် ရောဂါဗေဒနဲ့ ဘက်တီးရီးယားပိုးမွှားဆိုင်ရာ စစ်ဆေးမှုတွေကို ပြုလုပ်နေပါတယ်” လို့ပြောကြားခဲ့ပါတယ်။

၂၀၁၂ ခုနှစ်ကလည်း အင်္ဂလန်နိုင်ငံ Lancashire ကောင်တီမှာ Labrador အမျိုးအစား ခွေးစိမ်းလေးတစ်ကောင် မွေးဖွားခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့ဖူးပါတယ်။

Photutaw