ကျောက်မဲမြို့နယ်အတွင်း လက်နက်ကိုင်အဖွဲ့တစ်ခုမှ စစ်သားစုဆောင်းမှုနှင့် ဆက်ကြေးကောက်မှု အရှိန်မြှင့်လာနေဟုဆို

ပို့စ်တင်ချိန် - 6/10/2014 01:04:00 PM


ရှမ်းမြောက်၊ဇွန်၊၉ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်မြို့နယ်အတွင်း လက်နက်ကိုင်အဖွဲ့တစ်ခုမှ စစ်သားစုဆောင်းမှု နှင့် ဆက်ကြေး
ကောက်မှုအရှိန်မြှင့်လာနေကြောင်း ကျောက်မဲမြို့ ဒေသခံများထံမှ သတင်းရရှိသည်။ယခင်က ကျောက်မဲမြို့အနီးတစ်ဝိုက်
ကျေးရွာများတွင်သာ ဆက်ကြေးကောက်မှုရှိသော်လည်း ယခုအခါတွင် ကျောက်မဲမြို့မြို့ပေါ်ရပ်ကွက်အတွင်းရှိ
လုပ်ငန်းရှင်ကြီးများနှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ဆက်ကြေးကောက်မှုမှာ ပိုမို အရှိန်မြှင့်လာနေပြီး ကျေးရွာများမှ
စစ်သားတောင်းခံမှုမှာလည်း များပြားလာကြောင်းဒေသခံများကပြောသည်။

”မြို့အနီးကျေးရွာတွေဖြစ်တဲ့ ခိုမုံးကျေးရွာ၊ ပင်တိန်ကျေးရွာ၊ စခန်းသာကျေးရွာ၊ နားအိုက်ခမ်ကျေးရွာတွေ ကနေ အသက်
(၁၈)နှစ်က (၄၀)အကြားရှိတဲ့ ယောက်ျားလေးတွေကို တစ်ရွာမှာ (၈)ဦးကနေ (၁၀)ဦးအထိပးနေရတာ၊ အဓိကပေးနေရတဲ့
လက်နက်ကိုင်အဖွဲ့အစည်းက ရှမ်းအဖွဲ့အစည်တစ်ခုဖြစ်တဲ့ RCSS ကပါ၊ ကျေးရွာတွေမှလည်းလူငယ်တွေကိုစုပြီးတော့ စိုင်းဝမ်
(ရဲရင့်သောလူငယ်များအဖွဲ့) လို့ခေါ်တဲ့အဖွဲ့တွေကို ဖွဲ့ခိုင်းတယ်၊ တရားဥပဒေစိုးမိုးရေးအတွက်ဆိုပြီး ကျေးရွာမှာရပ်မိရပ်ဖတွေ၊
တရားစီရင်ရေးအဖွဲ့တွေ ဖွဲ့ခိုင်းတယ်၊ဒါဘာကြောင့်ဖြစ်သလဲဆိုတော့ မြို့ပေါ်က အစိုးရရဲ့ တရားဥပဒေစိုးမိုးရေး
အသက်မ၀င်လို့ပဲလို့ သုံးသပ်ရမလို ဖြစ်နေတယ် ” ဟု ကျောက်မဲမြို့အတွင်းနေထိုင်သူ အမည်မဖော်လိုသည့် ဒေသခံ
တစ်ဦးကပြောသည်။

ကျောက်မဲမြို့နယ်အတွင်း ထိုသို့လက်နက်ကိုင်အဖွဲ့အစည်းမှတရားဥပဒေအပိုင်းတွင် အရှိန်မြှင့်ဆောင်ရွက် လာနေသဖြင့်မြို့
တရားစီရင်ရေးပုံစံ (၂)မျိုး ဖြစ်လာနေပြီး၊အစိုးရတရားစီရင်ရေးအပေါ် မကျေနပ်သူများက လက်နက်ကိုင် အဖွဲ့များထံသို့
ဆုံးဖြတ်ခိုင်းမှုများ ရှိလာနေကြောင်း သိရှိရသည်။

ကျောက်မဲမြို့အတွင်းလက်နက်ကိုင်အဖွဲ့များဖြစ်သည့် SSA, RCSS, TNLA နှင့် လက်နက်ကိုင်တပ်ပေါင်းစုတို့ အဓိကထား
လှုပ်ရှားနေပြီး တစ်ခါတစ်ရံတွင်အစိုးရတပ်များနှင့် ထိပ်တိုက် တွေ့ဆုံမှုများလည်း ရှိနေကြောင်းသိရှိရသည်။ လက်နက်ကိုင်အဖွဲ့၏
ဒေသအတွင်း တရားဥပဒေစိုးမိုးရေး အပိုင်းတွင် ဝင်ရောက်ကိုင်တွယ်လာနေမှုနှင့် ပတ်သက်၍ ကျောက်မဲခရိုင် ရဲတပ်ဖွဲ့မှရဲမှူး
ကျော်ကျော်အား တွေ့ဆုံမေးမြန်းရာတွင် ရဲတပ်ဖွဲ့အနေဖြင့် ဒေသတွင်း တရားဥပဒေစိုးမိုးရေးအတွက် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့်
မှုခင်းကျဆင်းရေးကို ဆောင်ရွက်နေပါကြောင်း၊ လက်နက်ကိုင်အဖွဲ့၏လှုပ်ရှားမှုမှာ စစ်တပ်နှင့်သာ တိုက်ရိုက်သက်ဆိုင်ကြောင်း
ဒေသတွင်း လက်နက်ကိုင်အဖွဲ့၏ လှုပ်ရှားမှုအတွက်ကိုမူ မသိရှိရ ကြောင်းပြန်လည်ဖြေကြားခဲ့သည်။

ကျောက်မဲမြို့နယ်အတွင်း ဧပြီလ အတွင်းက ကျောက်မဲမြို့အထွက် (၄)မိုင် အကွာတွင် လက်နက်ကိုင်အဖွဲ့နှင့်
ပြည်သူ့စစ်အဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လက်နက်ကိုင်အဖွဲ့မှ ခေါင်းဆောင်ဟု ယူဆရသူတစ်ဦး သေဆုံးခဲ့ပြီး ပြည်သူ့
စစ်အဖွဲ့မှ တစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

စိုင်းကံသာ (လားရှိုး)



The Myanma Age