အလုပ်ခွင်မှာ ပျော်ရွှင်အောင်မြင်စေမယ့် နည်းလမ်းများ (အပိုင်း-၂)

ပို့စ်တင်ချိန် - 6/09/2014 08:02:00 AM




 
နေ့ရက်တွေ တစ်ရက်ပြီးတစ်ရက်သာ ကုန်ဆုံးသွားတယ်။ အလုပ်အတွက် အချိန်တွေ မလုံလောက်သလို ခံစားနေရတာမျိုး၊ စိတ်ဖိစီးမှုတွေ ခံစားနေရတာမျိုးတွေ ကြုံဖူးကြမှာပါ။ ဒီလိုမျိုး စိတ်ခံစားမှုတွေ၊ အလိုမကျမှုတွေ ခံစားနေရသူတွေ အတွက် အလုပ်ခွင်မှာ အောင်မြင်ပျော်ရွှင်စေမယ့် နည်းလမ်းကောင်းလေးတွေ ပြောပြပေးလိုက်ပါတယ်။ အပိုင်း (၁)မှာ ၁၀ချက်ဖော်ပြပြီးဖြစ်တာမို့ ခုနောက်ထပ် အပိုင်း(၂)မှာ ဘယ်လိုအချက်လေးတွ ပါဝင်လာမလဲ ကြည့်ရအောင်။

၁၁။ခဏခဏ မဖျားပါစေနဲ့။

တစ်ပတ်မှာ တစ်ခါ၊ ဒါမှမဟုတ် တစ်လမှာ နှစ်ခါ ၊ သုံးခါလောက်ဖျားနာနေလို့ ရုံးမတက်နိုင် မဖြစ်ရလောအောင် ကျန်းမာရေးကို သေသေချာချာ ဂရုစိုက်ပေးဖို့လိုပါတယ်။ ကိုယ်ကျန်းမာမှ စိတ်လည်းကျန်းမာမှာပါ။

၁၂။ဘောပင်နဲ့ စာအုပ်အသေးလေး ဆောင်ထားပါ။

တစ်ခါတစ်လေ ပေါ်လာတတ်တဲ့ အလုပ်နဲ့ပတ်သက်တဲ့ စိတ်ကူးစိတ်သန်းတွေကို ချရေးနိုင်ဖို့ စာအုပ်၊ ဘောပင် လေးတွေ အမြဲဆောင်ထားပါ။

၁၃။ဆိုရှယ်မီဒီယာဆိုက်တွေကို ပိတ်ထားပါ။

ရုံးမှာ facebook တို့ ၊ Twitter တို့ သုံးခြင်းဟာ အချိန်ဖြုန်းခြင်းသက်သက်ပါပဲ။ ဒီဆိုက်တွေ ဖွင့်ထားတဲ့အခါ အလုပ်ကိစ္စမှာ အာရုံမရှိနိုင်တော့သလို အလုပ်အတွက် စဉ်းစားတွေးခေါ်မှုပိုင်းလည်း အားနည်းသွားတတ်ပါတယ်။

၁၄။ကိစ္စရပ်တစ်ခုကို အချိန်ဘယ်လောက် သုံးတယ်ဆိုတာ မှတ်သားထားပါ။

ရုံးမှာ အီးမေးလ်စစ်တာ၊ အီးမေးလ်ပို့တာ နဲ့ အခြားလုပ်ငန်းဆောင်တာတွေအတွက် အချိန်ဘယ်လောက်သုံးသလဲဆိုတာ မှတ်သားထားပါ။

၁၅။Headphone နဲ့ သီချင်းနားထောင်ပါ။

အလုပ်နည်းနည်းပါးတဲ့အခါ Headphone တပ်ပြီး ကိုယ်ကြိုက်တဲ့ သီချင်းလေးတွေ နားထောင်ပါ။ Headphone တပ်ထားတော့ ဘေးနားကလူတွေ ကိုယ့်ကို စကားတွေလာလာပြောတာမျိုးတွေကလည်း လွတ်တာပေါ့။

၁၆။မေ့တတ်တယ်ဆိုရင် သတိပေးစာလေးတွေ ကပ်ထားပါ။

အိမ်မှာပဲဖြစ်ဖြစ်၊ ကိုယ့်အခန်းထဲမှာဖြစ်ဖြစ်၊ အလုပ်စားပွဲမှာပဲဖြစ်ဖြစ် ဘယ်နေ့ဘာလုပ်ဖို့ရှိတယ်၊ ဘယ်စာအုပ် အပြီးဖတ်ရမယ်၊ စတဲ့ သတိပေးစာလေးတွေကို ကပ်ထားပါ။

၁၇။အစားအစာတွေကို ကောင်းကောင်းစားပါ။

မနက်စာ၊ နေ့လည်စာ၊ ညစာတွေကို ကောင်းကောင်းစားပါ။ အလုပ်တွေများနေလို့ မနက်စာ မစားဖြစ်တာ၊ နေ့လည်စာ ကျော်သွားတာမျိုးတွေ မဖြစ်ပါစေနဲ့။ ဗိုက်တာမင်ပြည့်တဲ့ အစားအစာတွေ စားပါ။

၁၈။အလုပ်ချိန်နဲ့ ကိုယ်နားရမယ့်အချိန်တွေကို သတ်မှတ်ခွဲခြားထားပါ။

ကိုယ်အိမ်ပြန်နားရမယ့်အချိန်တွေမှာတောင် အလုပ်တွေ ပိနေတာမျိုး၊ ဆက်တိုက်လုပ်နေရတာမျိုး မဖြစ်ပါစေနဲ့။ နားရမယ့်အချိန်မှာ ပြည့်ပြည့်၀၀နားပါ။

၁၉။အလုပ်စားပွဲတွေမှာ မလိုအပ်တဲ့အရာတွေကို မထားပါနဲ့။

အလုပ်စားပွဲပေါ်မှာ မလိုအပ်တဲ့ ပန်းကန်တွေ၊ ခွက်တွေ မထားပါနဲ့။ စားပြီးသား မုန့်ထုပ်တွေကိုလည်း အမှိုက်ခြင်းတောင်းထဲ ပစ်ပါ။ ဒါတွေက အလုပ်ဖိစီးမှုတွေ ခံစားရတဲ့အခါ ပိုပြီး ဖိအားပေးနိုင်တာကြောင့်ပါ။

၂၀။လုပ်ခဲ့တဲ့အရာတွေကို တစ်ပတ်တစ်ခါ ပြန်သုံးသပ်ပါ။

ဒီတစ်ပတ်အတွင်း ဘာတွေလုပ်ခဲ့တယ်၊ ဘယ်လုပ်ငန်းတွေက အဆင်ပြေတယ်၊ ဘာတွေကတော့ အချိန်ဘယ်လောက်ယူရတယ် စသဖြင့် ကိုယ်လုပ်ခဲ့တဲ့ လုပ်ငန်းတွေက ရလာတဲ့အဖြေတွေကို ပြန်သုံးသပ်ပါ။

Ref:greatist.com
trend Myanmar