ကလေးတွေကို ရေလွှာလျှောစီးသင်ပေးတဲ့ အလွန်လိမ်မာသောခွေး

ပို့စ်တင်ချိန် - 6/26/2014 04:37:00 AM




အေသင်အောင် 

အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်မှာရှိတဲ့ ခွေးတစ်ကောင်ဟာ အလွန်လိမ္မာပြီး၊ ပင်လယ်ကမ်းခြေမှာ ကလေးငယ်တွေနဲ့ မသန်စွမ်းတွေကို ရေလွှာလှိုင်းစီး သင်ပေးနေတာမို့ စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။ ရီကိုချက် အမည်ရ ခွေးကလေးဟာ အရင်က ငှက်တွေကို လိုက်ဖမ်း ရာမှာ လမ်းပြ အဖြစ် လုပ်ကိုင်ခဲ့ပြီး သခင်ဖြစ်သူရဲ့ သင်ကြားပေးမှုကြောင့် ရေလွှာ လှိုင်းစီးခြင်းကို တတ်မြောက်လာခဲ့ပါတယ်။ ဒီခွေးကလေးရဲ့ အရောင် က ရွှေရောင်ဖြစ်ပါတယ်။ ဒီခွေးကလေးရဲ့ ရေလွှာလှိုင်းစီး အတတ်ကို ပြန်လည် အသုံးချဖို့ စီစဉ်ခဲ့ပါတယ်။ ပင်လယ်ကမ်းခြေကို ရောက်လာတဲ့ ကလေးငယ်တွေ၊ မသန်စွမ်းတွေ၊ စစ်ပြန် တွေရဲ့ ရေလွှာ လှိုင်းစီးချင်တဲ့ ဆန္ဒကို ခွေးကလေးက ဖြည့်ဆည်းပေးလေ့ရှိ ပါတယ်။ ခွေးကလေးဟာ ရေလွှာ လှိုင်းစီးတဲ့ ဘုတ်ပေါ်မှာ လိုက်ပါပြီး၊ ထိန်းကျောင်းမှုတွေ ပြုလုပ်ပေးလေ့ရှိ ပါတယ်။ ခွေးကလေးကြောင့် ရေလွှာ လှိုင်းစီးသူတွေဟာ ရဲစွမ်းသတိ္တ ပိုရှိလာ ကြပြီး၊ ပျော်ရွှင်မှုတွေ ရရှိခံစားစေတယ်လို့ သိရပါတယ်။ ခွေးကလေးရဲ့ ပိုင်ရှင်ဖြစ်သူဟာ ခွေးတွေ ထိန်းသိမ်း စောင့်ရှောက်တဲ့ အဖွဲ့ အစည်း တစ်ခုကို ထူထောင်ထားပြီး၊ သူ့ရဲ့ ခွေးရေလွှာ လှိုင်းစီးနေတဲ့ ဓာတ်ပုံတွေကို အင်တာနက်ပေါ် လွှင့်တင်ခဲ့ရာ စိတ်ဝင်စားမှုရခဲ့ ပါတယ်။ ဒီခွေးကလေးကြောင့် ရန်ပုံငွေတိုးတက်ရရှိလာ သလို Facebook မှာ Like အရေအတွက်ပေါင်း နှစ်သိန်းကျော်အထိ ရယူနိုင်ခဲ့ပါတယ်။ ဂျူဒီက ကျွန်မရဲ့ ခွေးဟာ အလွန် လိမ္မာပြီး ကလေးငယ်တွေနဲ့ မသန်စွမ်းတွေ အနာတရ မဖြစ်အောင် ဂရုစိုက်လေ့ ရှိပါတယ်။ ခွေးကလေးနဲ့ ရေလွှာလှိုင်းစီးသူတွေဟာ ပျော်ရွှင်မှု အစစ်အမှန်ကို ရရှိမှာဖြစ်ပါတယ် လို့ ပြောသွားခဲ့ပါတယ်။ 
The Messenger