ဆင်အနီးမှဖြတ်သွားစဉ် အစွယ်ဖြင့်အထိုးခံရ၍ သေဆုံး

ပို့စ်တင်ချိန် - 6/11/2014 09:47:00 AM


နေပြည်တော်၊ ဇွန် ၁၀

၂၀၁၄ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့ ညနေ ၆ နာရီအချိန် မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ်၊ ယုန်ဆင်းကျေးရွာ၊ လျော်ဖြူကျင်းဆင်ဝိုင်းအတွင်း လူတစ်ဦးအား ဆင်မှအစွယ်ဖြင့်ထိုး၍ သေဆုံးသွားကြောင်း သတင်းအရ ကျင်းနယ်မြေ ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ ၎င်းကျေးရွာနေ ဦးမြင့်သိန်း(၅၁)နှစ်သည် ဆင်ကောက်ကာ ဆင်ဝိုင်းအတွင်းထားပြီး ရှုချိုမောင်အမည်ရှိ ဆင်အနီးမှဖြတ်သွားစဉ် အစွယ်ဖြင့်အထိုးခံရ၍ ယာနားရွက်အနီး ၂ လက်မခန့် ပေါက်ပြဲဒဏ်ရာ(၁)ချက်၊ ယာဘက်ကျောပြင်အောက် အရှည် ၃ လက်မခန့်ညိုမဲ၊ ယာဒူးခေါင်းအောက် ထုတ်ချင်းပေါက်ထိုးသွင်းဒဏ်ရာများရရှိကာ သေဆုံးသွားကြောင်းသိရှိရပြီး ကျင်းနယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၁/၂၀၁၄)ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်