ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ဘိုးပိုင်တွင်းထဲသို့ဖိနပ်ကျသွား သဖြင့် ဆင်းကောက်ရာမှ ဘားကပ်နှင့်ရိုက်မိခဲ့၍ ဒဏ်ရာရသေဆုံး

ပို့စ်တင်ချိန် - 6/14/2014 09:14:00 PM


၁၃.၆.၂၀၁၄ရက်နေ့၁၅၀၀အချိန် ဒဂုံမြိုသစ်(ဆိပ်ကမ်း)မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ရန်ကုန်ဆေးရုံကြီးတွင် အမျိုးသားတစ်ဦး သေဆုံး
ရောက်ရှိနေကြောင်းသတင်းအရသွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ
အောင်သီဟ (၂၁)နှစ်၊ ကျုံပျော်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးနေသူ
ဖြစ်ပြီး ၎င်းတွင် ဝဲခါးရိုးဖူးရောင်ဒဏ်ရာရရှိကာ ထားသည်ကိုတွေ့ရှိ
ရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူသည် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၆၀)ရပ်ကွက်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်
နေစဉ် ၎င်းစီးထားသောဖိနပ်မှာ တူးလက်စ ဘိုးပိုင်တွင်းထဲသို့ကျသွား
ခဲ့သဖြင့် ဆင်းကောက်ပြီး ပြန်အတက်တွင် ၎င်း၏ခါးအား ဘိုးပိုင်စက်မှ
ဘားကပ်(တွင်းတူးကိရိယာ)နှင့် ရိုက်မိသဖြင့် ဒဏ်ရာရရှိခဲ့၍ ရန်ကုန်
ဆေးရုံကြီးသို့ပို့အပ်စဉ် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိခဲ့ရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်း
သေမှုသေခင်းအမှတ်စဉ် (၁၁/၂၀၁၄) ဖြင့်ရေး ဖွင့်စစ်ဆေးလျက်
ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police