ရန်ကင်းတီတီစီဝင်ခွင့်ငြင်းခံရသော ကျောင်းသားများကို ပြန်လည်ဝင်ခွင့်ပြုရန် ပညာရေးဝန်ကြီးဌာနညွှန်ကြား

ပို့စ်တင်ချိန် - 6/04/2014 08:12:00 PM


ရန်ကင်းမြို့နယ်ရှိ စံပြ လေ့ကျင့်ရေး အလယ်တန်း (ရန် ကင်း၊ တီတီစီ) သို့ ၀င်ခွင့်ငြင်း ပယ်ခံရသော ကျောင်းသား၊ ကျောင်းသူများကို ပြန်လည်ဝင် ခွင့်ပြုရန် ပညာရေး ၀န်ကြီးဌာနက ညွှန်ကြားလိုက်သည်။

အဆိုပါကျောင်းတွင် မိ သားစုစဉ်ဆက် တက်ရောက်ခဲ့ သော အမျိုးသမီးတစ်ဦးက ၎င်း ၏ သမီး ကျောင်းအပ်နှံရာတွင် ၀န်ကြီးများ၏ လက်မှတ်မပါ၍ ငြင်းပယ်ခံခဲ့ရကြောင်း ဖေ့စ်ဘွတ်ခ် တွင် ရင်ဖွင့်ခဲ့သည်။

ပညာရေးဝန်ကြီးဌာနက အဆိုပါကျောင်းကို စစ်ဆေးခဲ့ ပြီးနောက် သတ်မှတ်စည်းကမ်း ချက်နှင့် ကိုက်ညီပြီး ၀င်ခွင့် ငြင်းပယ်ခံခဲ့ရသော ကျောင်းသား၊ ကျောင်းသူများကို ပြန်လည်ဝင်ခွင့်လက်ခံရန် ဆုံးဖြတ်လိုက် ခြင်းဖြစ်သည်။

‘‘ရန်ကင်းပညာရေးကော လိပ်က ဒုကျောင်းအုပ်က ခေါ် တွေ့တယ်။ သန်းခေါင်စာရင်းနဲ့ မွေးစာရင်းကြည့်တယ်။ နေပြည် တော်က ညွှန်ကြားချက်အရ ပြန်လည်စိစစ်လက်ခံမယ်လို့ ပြောတယ်။ ကျွန်မကတော့ အဲ့ဒီ ကျောင်းမှာထားရင် ကလေးကို ငြိုးမှာလည်း စိုးရိမ်တယ်။ ကျွန်မ တို့ မိသားစုတွေတက်ခဲ့တဲ့ ကျောင်းဆိုတော့ အဲဒီမှာပဲထားချင်တယ်။ အခုကတော့ စိတ်ကလွန်ဆွဲနေပါတယ်’’ဟု ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရင်ဖွင့်ခဲ့သော မမြတ်သက်မွန်ကပြောသည်။

ရန်ကင်းမြို့နယ် စံပြလေ့ ကျင့်ရေးအလယ်တန်းကျောင်း တွင် မူလတန်းကျောင်းသားလက် ခံနိုင်မှုမှာ ၂၀၀ ဦးဖြစ်ပြီး ယခုကဲ့ သို့ ကျောင်းသားဦးရေတိုးမြှင့် လိုက်ခြင်းကြောင့် ကျောင်းသား လက်ခံမှု ၂၀၀ ကျော်သွားမည်ဟု ပညာရေးဝန်ကြီးဌာနမှ  အရာရှိ တစ်ဦးကပြောသည်။

‘‘ကျောင်းသားလက်ခံနိုင် တာက ၂၀၀ ဦး၊ လက်ခံထားတာ က ၂၀၈ ဦးလောက်ရှိတယ်။ အခု က ၁၅ ဦးကို ထပ်မံစိစစ်လက်ခံ ဖို့ခွင့်ပြုလိုက်တာပါ။ ကျောင်း သားလက်ခံနိုင်တဲ့ ပမာဏထက် တော့ ကျော်လွန်တာပေါ့’’ဟု အ ထက်ပါပုဂ္ဂိုလ်ကဆိုသည်။

ရန်ကင်းမြို့နယ်ရှိ စံပြလေ့ ကျင့်ရေးအလယ်တန်းကျောင်း သည် ရန်ကုန်မြို့ရှိ နာမည်ကြီး ကျောင်းစာရင်းတွင် ပါဝင်နေပြီး ငွေကြေးချမ်းသာသူများ၊ ရာထူး အာဏာရှိသူများ၏  သားသမီး များဝင်ခွင့်ရရှိရန် ကြိုးပမ်းနေကြ ခြင်းကြောင့် မြို့နယ်တွင်း နေထိုင် သူများ၏ သားသမီးများအတွက် အခွင့်အလမ်းနည်းပါးလာခြင်း ဖြစ်သည်။

Author: နေလင်းထွန်း
7DAY DAILY