ခြေတစ်ချောင်း မရှိသော်လည်း အပြေးသမား ချန်ပီယံ ဖြစ်ခဲ့သူ

ပို့စ်တင်ချိန် - 6/20/2014 01:57:00 PM



ကနေဒါ နိုင်သား တစ်ယောက် ဖြစ်သော တယ်ရီဆိုသူသည် ကင်ဆာ ရောဂါ ဖြစ်ပွားမှုကြောင့် ခြေတစ်ချောင်းကို ဖြတ်ပစ်လိုက်ရပါတယ်။ ခြေထောက် ဖြတ်လိုက်ရတဲ့ အတွက်ကြောင့် သာမန်လူတွေနဲ့ ယှဉ်လိုက် မယ်ဆိုလျှင် ၅၀ ရာခိုင်နှုန်းလောက် ရှုံးနိမ့်ပြီးသား ဖြစ်ပါတယ်။ သို့သော်လည်း တယ်ရီဟာ စိတ်ဓာတ်မကျသည့် အပြင် ၁၉၈၁ ခုနှစ်တွင် ကျင်းပပြုလုပ်တဲ့ မာရသွန် အပြေးပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင် ခဲ့ပါတယ်။

၎င်းပြိုင်ပွဲတွင် သူဟာ ချန်ပီယံဆုကို ရရှိခဲ့ပါတယ်။ သူဟာ တစ်နေ့ကို ၂၆ မိုင်နှုန်းဖြင့် ၁၄၃ ရက်တိုင်အောင် ပြေးခဲ့ပါတယ်။ စုစုပေါင်း ၃၃၃၉ မိုင် အထိ ပြေးနိုင်ခဲ့ပါတယ်။ ပြိုင်ပွဲပြီးတော့ တယ်ရီဟာ သေလုနီးပါးတောင် ဖြစ်သွားပါတယ်။

ရောဂါဝေဒနာကြောင့် ခြေတစ်ဖက် ဖြတ်ပစ် လိုက်ရသော်လည်း ၎င်း၏ ကြိုးစာအားထုတ်မူကြောင့် မာရသွန်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ပါတယ်။ တယ်ရီ၏ စိတ်ဓာတ်နဲ့ ကြိုးစား အားထုတ်မူဟာ လူတိုင်းအတွက် အတုယူဖွယ် စံပြပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပါတယ်။ တယ်ရီ၏ ရုပ်ပုံကိုတော့ ကနေဒါနိုင်ငံမှာ ရုပ်ထု ပြုလုပ်ကာ ထားရှိတယ်လို့ သိရပါတယ်။


ကျော်လင်းနိုင် (ရိုးရာလေး)