နေအိမ်၌ အိပ်ပျော်နေသည့် လူတစ်ဦး မိုးကြီုးထိမှန်၍ သေဆုံး

ပို့စ်တင်ချိန် - 6/09/2014 07:23:00 AM


ကောလင်း၊ ဇွန် ၇
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ကောလင်းမြို့နယ်၊ ငျောက်တန်းကျေးရွာတွင် နေအိမ်၌ အိပ်ပျော်နေသည့် လူတစ်ဦး မိုးကြိုးထိမှန်၍ သေဆုံးသွားသဖြင့် ကောလင်းမြို့မရဲစခန်းက သေမှုသေခင်းရေးဖွင့်၍ ဆောင် ရွက်လျက်ရှိကြောင်း ကောလင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
မိုးကြိုးထိမှန်၍ လူသေဆုံးခဲ့ရသည့်အရပ်သို့ ခန်သာနယ်မြေရဲကင်းခန်းမှူး ဒုရဲအုပ် သန်းဇော်နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာတွင် ဇွန်လ ၅ ရ့်နေ့မနက် ၁၁ နာရီခွဲအချိန်က လယ်တောမှ မိုးမိ၍ ရေစိုအ၀တ်အ ထည်များဖြင့် နေအိမ်သို့ပြန်လာသူ မောင်သိန်းထွန်းစိုး အသက်(၁၇)နှစ်ဆိုသူမှာ ရေစိုအ၀တ်အထည်များ လဲလှယ်ခြင်းမရှိဘဲ နေအိမ်၌ အိပ်ပျော်နေစဉ် မိုးကြိုထိမှန်ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် မိုးကြိုးထိမှန်၍ သေဆုံးသူအား မှုခင်းဆေးပညာများအရ စစ်ဆေးဆောင်ရွက်နိုင်ရန် ကောလင်း မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၉/ ၂၀၁၄ အရ အမှုရေးဖွင့်ထားကြောင်း အဆိုပါ ရဲစခန်းမှ သိရသည်။

ကိုတိုး ချင်းတွင်း