ထောင်မှပြန်လွတ်လာသည့် ဗိုလ်ကြီးဟောင်းနေမျိုးဇင် အစိုးရနှင့် အတိုက်အခံမလုပ်တော့ဟုဆို

ပို့စ်တင်ချိန် - 6/26/2014 05:52:00 PM



ရန်ကုန်၊ ထောင်မှပြန်လည်လွတ်မြောက် လာပြီးနောက် ယခင်ကဲ့သို့ အစိုးရနှင့် အတိုက်အခံ ပြုလုပ်ခဲ့ရာမှ ယခုအခါ တွင် အစိုးရဘက်မှ ပြုပြင်ပြောင်းလဲ ရန်လိုလားသူများနှင့် ပူးပေါင်းဆောင် ရွက်သွားမည်ဟု ဗိုလ်ကြီးဟောင်းနေ မျိုးဇင်က ပြောသည်။

”ထောင်ထဲမှာကတည်းက စဉ်း စားခဲ့တာပါ။ အရင်လို အတိုက်အခံ ချည်းပဲမလုပ်တော့ဘူး။ အစိုးရဘက် က ပြုပြင်ပြောင်းလဲရေးလိုလားသူတွေ နဲ့ပူးပေါင်းသွားဖို့ ရှိပါတယ်”ဟု ယင်း ကပြောသည်။
လယ်သမား ၂ဝဝဝခန့်ဖြင့် ဆန္ဒ ထုတ်ဖော်ခဲ့သည့်အတွက် ပုဒ်မ ၁၈ဖြင့် ဖမ်းဆီးကာ ထောင်ဒဏ်သုံးလကျခံခဲ့ ရသော ဗိုလ်ကြီးဟောင်းနေမျိုးဇင်နှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်ဟောင်း ဦးဝင်းချိုတို့သည် ဇွန် ၂၄ရက်တွင် ပြန် လည်လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီ ၈ရက်တွင် ဒေသအသီး သီးရှိ လယ်သမား၂ဝဝဝခန့်အား ဦးနေ မျိုးဇင်နှင့် ဦးဝင်းချိုတို့က ဦးဆောင် ကာ လယ်သမားများ ဆုံးရှုံးနစ်နာခြင်း၊ ဖမ်းဆီးခံနေရခြင်းများနှင့် ပတ်သက် ၍ ဆန္ဒထုတ်ဖော်ရန် သက်ဆိုင်ရာရဲ တပ်ဖွဲ့သို့ခွင့်ပြုချက်တင်ပြခဲ့ရာ ခွင့်ပြု မိန့်မရရှိသဖြင့် ခွင့်ပြုချက်မရှိဘဲ ဆန္ဒ ထုတ်ဖော်ခဲ့သည့်အတွက် ပုဒ်မ ၁၈ ဖြင့် အရေးယူကာ ထောင်ဒဏ်သုံးလကျ ခံခဲ့ရသည်။

”အစက ပြောတာက ဒဏ်ငွေ ၁ဝဝဝဝ ပေးရင်ရတယ်တဲ့။ ပြီးတော့မှ တရားရုံးမှာသုံးလချလိုက်တာပဲ။ လတ် တလောတော့ ရွှေညဝါဆရာတော်ကြီး နဲ့တွေ့နေပါတယ်”ဟု ဦးနေမျိုးဇင်က ပြောသည်။

ဦးနေမျိုးဇင် ယခုကဲ့သို့ပြောဆို ခြင်းမှာ အစိုးရနှင့်ပူးပေါင်းလိုက်ခြင်း သာဖြစ်ကြောင်း လူ့အခွင့်အရေးလှုပ် ရှားသူတစ်ဦးက ပြောသည်။
”ဒါကအစိုးရနဲ့ ပေါင်းလိုက်တာ ပဲ။ အရင်လိုတော့ သူလွတ်လွတ်လပ် လပ် မလှုပ်ရှားနိုင်တော့ဘူးဆိုတဲ့ သ ဘောပဲ”ဟု ယင်းကပြောသည်။
လက်ရှိအချိန်တွင် ဦးဝင်းချိုမှာ တောင်သူလယ်သမား အခွင့်အရေး များရရှိရေး ဆက်လက်လှုပ်ရှားသွား မည်ဖြစ်ပြီး ဦးနေမျိုးဇင်မှာ တရားစွဲဆို ခံထားရသည့် မဟာသန္တိသုခကျောင်း တိုက်မှ ဆရာတော်များအတွက်ကူညီ ဆောင်ရွက်သွားမည်ဟု သိရသည်။

ဦးနေမျိုးဇင်နှင့် ဦးဝင်းချိုတို့သည် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများတွင် အစိုးရ၏ မူဝါဒများအပေါ် ကန့်ကွက် မှုများ၊ ဆန္ဒထုတ်ဖော်မှုများ အကြိမ် ကြိမ်ပြုလုပ်ခဲ့ပြီး တောင်သူလယ်သမား အရေး၊ အလုပ်သမားအရေးများတွင် ဦးဆောင်ကာ ရပိုင်ခွင့်များကို တောင်း ဆိုခြင်းများ အနယ်နယ်အရပ်ရပ်တွင် ပြုလုပ်ခဲ့ကြသူများဖြစ်သည်။

အဂ္ဂမင်း ၊ ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ(၁၀) အမှတ် (၂၃ )
Yangon Media Group