ကျော်ကြားတဲ့ဘ၀ကို စွန့်လွတ်ပြီး သီလရှင်ဝတ်

ပို့စ်တင်ချိန် - 6/24/2014 08:46:00 AM


အေသင်အောင်

ထင်ရှား အောင်မြင်တဲ့ အနုပညာသမားတွေဟာ သူတို့ရရှိထားတဲ့ အောင်မြင်မှုကို အလွယ်တကူ စွန့်လွှတ်လေ့မရှိကြပါဘူး။ ဒါပေမဲ့ စပိန် နိုင်ငံက မော်ဒယ်တစ်ဦး ကတော့ သူ့ရဲ့ ကျော်ကြားလှတဲ့ ဘ၀ကို စွန့်လွှတ်ပြီး သီလရှင်ဝတ်သွားခဲ့ပါတယ်။ အိုလာလာ အိုလီဗီရို အမည်က မော်ဒယ်ဟာ စပိန်နိုင်ငံ မှာ ထင်ရှားကျော်ကြားသူ တစ်ဦး ဖြစ်ပါတယ်။

အရင်တုန်းက စပိန်နိုင်ငံရဲ့ အကျော်ကြားဆုံး အမှတ်တံဆိပ် ကြော်ငြာတွေမှာ သူ့ရဲ့ရုပ်ပုံကို မကြာခဏ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အိုလီဗီရိုဟာ အသက်အရွယ် တဖြည်းဖြည်း ရလာတာနဲ့ အမျှ ကျော်ကြားလှတဲ့ ဘ၀ကို စိတ်ကုန်လာခဲ့ပါတယ်။ လက်ရှိအချိန်မှာ အိုလီဗီရိုဟာ အသက် (၃၆) နှစ် အရွယ်ရှိနေပြီ ဖြစ်ပါတယ်။ တစ်နေ့မှာ အိုလီဗိရိုဟာ ပေါ်တူဂီနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကို သွားရောက်ကြည့်ရှု ပြီးတဲ့နောက်မှာ အမြင် သဘောထားတွေ ပြောင်းလဲသွားခြင်း ဖြစ်ပါတယ်။ ကက်သလစ်ဘုရား ရှစ်ခိုးကျောင်းကို ရောက်ရှိတဲ့ အခါမှာ တည်ငြိမ် အေးချမ်းတဲ့ တရားဓမ္မတွေကို နှစ်သက်လာခဲ့ပါတယ်။ ဒီနောက် အိုလီဗီရိုဟာ သီလရှင်ဝတ်ဖို့ ဆုံးဖြတ် လိုက်ပါတယ်။ သူ့ရဲ့အမည်ကိုလည်း သီလရှင် အိုလာလာဒီစီဒီ မာရီယာလို့ ပြောင်းလဲ သွားခဲ့ပါတယ်။ အိုလီဗီရိုဟာ လက်ရှိ အချိန်မှာတော့ သီလရှင်တစ်ဦး အဖြစ် ဘ၀ကို အေးချမ်းစွာ ဖြတ်သန်းနေ ပါတယ်။ အရင်ကလည်း    ကိုလံဘီယာမော်ဒယ် တစ်ဦး ဖြစ်တဲ့ ရိုဆာပီရက်စ်ကလည်း ကျော်ကြားလှတဲ့ဘ၀ကို စိတ်ကုန်လှတာမို့ သီလရှင် အဖြစ် ကူးပြောင်းသွားခဲ့ဖူးတယ်လို့ သိရပါတယ်။

messenger