ကျောင်းသူလေးရဲ့ အရှက်ကို အချိန်မီ ကယ်တင်ပေးခဲ့တဲ့ အိုဘားမား

ပို့စ်တင်ချိန် - 6/23/2014 09:04:00 AM



အေသင်အောင်

အမေရိကန် သမ္မတကြီးအိုဘားမားဟာ အခမ်းအနား တစ်ခုမှာ ကျောင်းသူလေးရဲ့အရှက်ကို အချိန်မီ ကယ်တင်ပေးခဲ့ရတယ်လို့ သိရပါတယ်။ ဘတ်စကတ်ဘောပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ခဲ့တဲ့ ကွန်နက်တီကတ် တက္ကသိုလ်အသင်းက ကစားသမားတွေကို အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံပြီး၊ ဂုဏ်ပြုပွဲ ကျင်းပ ပြုလုပ်ခဲ့ရာ အရပ် ၆ ပေ ၅ လက်မ ရှိတဲ့ အမျိုးသမီး ကစားသမား စတီဖာနီဟာ စင့်မြင့်ပေါ်ကို ရုတ်တရက် တက်ရာမှာ ဟန်ချက်မညီဘဲ ချော်ကျ သွားခဲ့ပါတယ်။ အဲဒီ အချိန်မှာ အိုဘားမားဟာ နည်းပြ အဖွဲ့ ဝင်တွေကို နှုတ်ဆက်နေခြင်း ဖြစ်ပြီး၊ သူရဲ့ အနားမှာ ဖြစ်ပျက်ခဲ့တာမို့ အချိန်မီ ဟန်ချက် ညီအောင် အမြန် ထိန်းပေးခဲ့တာမို့ စတီဖာနီအနေနဲ့လဲ မကျခဲ့ခြင်း ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ကို အားလုံး ထိတ်လန့်သွား ခဲ့ပေမယ့် အိုဘားမားရဲ့  အချိန်မီ ကယ်တင်နိုင်မှု နောက်ပိုင်း မှာတော့ ရယ်မော ပျော်ရွှင်ခဲ့ကြတယ်လို့ သိရပါတယ်။ ကွန်နက်တီကတ် တက္ကသိုလ် အသင်းဟာ တစ်နှစ်အတွင်း အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲ နှစ်ရပ်စလုံး ချန်ပီယံဆုကို တစ်ပြိုင်နက် ရယူခဲ့ခြင်းဖြစ်ပြီး၊ ၂၀၀၄ တုန်း ကလည်း ဒီလိုမျိုး ရယူခဲ့ဖူးပါ တယ်။ အိုဘားမားဟာ ချန်ပီယံဆုရ အသင်းသားတွေကို ရင်းနှီးစွာ နှုတ်ဆက်ပြီး ချီးကျူးစကားတွေ ပြောကြားသွားခဲ့ပါတယ်။



Credit: Messenger