လက်ညှိုးထောင်ခိုက် ခေါင်းညိတ်လိုက်သော် - ဟာသ

ပို့စ်တင်ချိန် - 6/05/2014 01:23:00 PM


တစ်ခါက အရမ်းကိုခေါင်လွန်းလှတဲ့နယ် မြို့လေးတစ်မြို့ရဲ့ကျန်းမာရေးဌာနတစ်ခုမှာ

သူနာပြုဆရာမလေး တစ်ယောက်တာဝန်ထမ်းဆောင်နေတယ်။ သူက (အပျို)ပေါ့။

တစ်နေ့တော့ အဲဒီ မြို့နယ်အပိုင် ဝေးလံခေါင်သီတဲ့ ရွာတွေများ ကလေးမွေးဖွားနှုန်းတွေ

များလွန်းနေတဲ့အတွက် လူဦးရေလျှော့ချဖို့ ရည်ရွယ်ပြီး သားဆက်ခြားရေးစီမံချက်အရ

အဲဒီရွာတွေကို တိုင်းကျန်းမာရေးဌာနက တာဝန်ရှိသူတွေ၊ မြို့နယ်ကျန်းမာရေးဌာန က

ကျန်းမာရေးမှူး ဆရာဝန်ကြီးတွေကိုယ်တိုင် ကွင်းဆင်းပြီး သားဆက်ခြားရေး စီမံချက်

အတွက် ရွာသားတွေကို ကျန်းမာရေးအသိပညာတွေ ဟောပြောပေးဖို့ အထူးစီမံချက်

အနေနဲ့သွားကြရတာပေါ့။
ဆရာဝန်ကြီးတွေ၊ လူကြီးတွေက အဲဒီမှာ ကျန်းမာရေးအသိပညာတွေကို

ရွာသားတွေ သိရှိအောင် ဟောပြောသရုပ်ပြဖို့ သူနာပြုဆရာမလေးကို တာဝန်ပေး

တာပေါ့။
ဟောပြောရမယ့် အကြောင်းအရာက သားဆက်ခြားဖို့ ကွန်ဒုံးသုံးစွဲဖို့ ဆိုတဲ့

အကြောင်းအရာပါ။
စီမံချက်ဆောင်ရွက်မယ့် ရွာကိုရောက်အောင် တောတွေဖြတ် တောင်တွေကျော် နဲ့ခက်ခဲပင်ပန်းကြမ်းတမ်းစွာ သွားကြရတာပေါ့။ ရွာကိုရောက်တော့ရွာသားတွေအားလုံး ကို ခေါ်ပြီး ရွာကဘုန်းကြီးကျောင်းမှာ ဟောပြောပွဲလုပ်တော့တာပဲ။
တိုင်းနဲ့မြိုနယ်အဆင့်ဆရာဝန်ကြီးတွေရဲ့ဟောပြောဆွေးနွေးမှုအပြီးမှာတော့
သူနာပြုဆရာမလေးအလှည့်ပေါ့။ အဲဒီမှာပြသနာစတော့တာပါပဲ။ ရွာသားတွေ၊
လူကြီးတွေအားလုံးရဲ့အရှေ့မှာ သူပြောရတော့မှာကိုး။ ပြီးတော့ အပျိုကလဲဖြစ်ပြန် ပြောရမှာကလဲ ရှေ့မှာ ယောက်ျားသားတွေချည်း။ ပြောရ သရုပ်ပြရမယ့် အကြောင်းအရာကလဲ ကွန်ဒုံးသုံးစွဲပုံသုံးစွဲနည်း။ ခက်တော့နေပါပြီ။
ရှက်ကလဲရှက်။ ကြောက်လဲကြောက်နဲ့ မထူးတော့ပါဘူးဆိုပြီးပြောချရတော့တာ ပေါ့။ ပြောပုံကကြည့် (
ရှင်တို့ ညအိပ်ခါနီးရင်လေ………..ရှင်တို့ဟာကို ဟိုလေ…… ရှင်တို့ဟာလေ သိတယ်မဟုတ်လား ဆိုပြီး လက်ညှိုးလေးထောင်ပြသတဲ့။
ရွာသားတွေက ဟုတ်ကဲ့…ဟုတ်ကဲ့ပေါ့။ ပြီးတော့မှလက်ညှိုးလေးထောင်ပြရင်းက
ရှင်တို့ဟာကိုလေ အပေါ်ကနေဟောဒီလို စွပ်ချရတယ် …….ဆိုပြီး ကွန်ဒုံးလေးကို စွပ်ပြလိုက်ရော။
အဲဒီလိုလုပ်ပြီးမှ အိပ်ယာဝင်ကြပါ..လို့ပြောတယ်။ ပြီးတော့ရွာသားတွေကိုလည်း
ရှင်းကြရဲ့လား။ လွယ်လွယ်လေးပါလို့မေးလိုက်တော့….. ရွာသားတွေကလည်း ရှင်းပါတယ်ဆရာမဆိုပြီး ခေါင်းလေးတွေ ညိတ်ပြကြတာပေါ့။
အဲဒီလိုနဲ့ ဟောပြောပွဲပြီးတော့ ရွာသားတွေကို သူတို့နဲ့အတူပါလာတဲ့ ကွန်ဒုံး တွေကို ဝေပေးပြီးမှ ပြန်လာကြသတဲ့။
နောက်တစ်နှစ်ကြတော့ အဲဒီရွာရဲ့ ကလေးမွေးဖွားနှုန်းကို စာရင်းကောက်ကြည့် တဲ့အခါ……….. မနှစ်ကထက် (နှစ်ဆ) ပိုများနေသတဲ့။ အဲဒီမှာတင် လူကြီးတွေနဲ့အတူတူ အဲဒီသူနာပြုဆရာမလေးပါ မျက်လုံးတွေပြူးပြီး ပြာပြာသလဲ အဲဒီရွာကို အပြေးသွားကြရတော့တာပေါ့။
ရွာရောက်တော့ ချက်ခြင်းဆိုသလဲရွာသားတွေကိုစုပြီး မေးမြန်းကြရတော့တာပေါ့။ သူနာပြုဆရာမလေးက ဒေါသတကြီးနဲ့ ရွာသားတွေကို
ရှင်တို့ကလေးမွေးနှုန်းက မနှစ်ကထက် (နှစ်ဆ) ပိုများလာတယ်။ မနှစ်က ကျွန်မတို့ လာပြီးဟောပြောသလို မလိုက်နာကြဘူးလား။ ကျွန်မတို့ပေးသွားတဲ့ ဟိုပစ္စည်းလေးရော မသုံးကြဘူးလားလို့ မေးသတဲ့။
အဲဒီအခါ ရွာသားတစ်ဦးက ပြန်ပြောတာကတော့………..
အမယ်လေးသုံးတာပေါ့ဆရာမလေးရယ် ဆရာမလေးမှာသလိုသေသေချာချာကို လုပ်တာပါဗျာ……… ကျွန်တော်တို့အားလုံး ညအိပ်ရာမ၀င်ခင်မှာလေ ကျွန်တော်တို့ရဲ့ လက်ညှိုးကိုဟေားလိုထောင်….. ဆရာမလေးတို့ပေးသွားတဲ့ဟာလေးကို ဟောဒီလိုစွပ်…. ပြီးမှ မီးမှုတ်ပြီးအိပ်ယာဝင်ကြတာပါ……………… အဲဒါ ဆရာမလေးတို့ ပေးထားတဲ့ဟာလေးရဲ့ အစွမ်းမထက်မှာစိုးလို့လေ ကျွန်တော်တို့ မိုးလင်းတဲ့ အထိတောင် အဲဒီလက်ညှိုးကို အောက်ပြန်မစိုက်ပါဘူးဗျာ……………တဲ့။

မချိုမချဉ်ဟာသများ