ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို ခန့်မှန်းဦးမယ့် ဘရာဇီးက ပင်လယ်လိပ်ကြီး

ပို့စ်တင်ချိန် - 6/11/2014 01:11:00 PM



ဘရာဇီး၊ ဇွန် ၁၁

၂၀၁၄ ကမ္ဘာ့ဖလားဘောလုံးပွဲစဉ်တွေကို ခန့်မှန်းဦးမယ့် တိရစ္ဆာန်တစ်ကောင် ထပ်မံ ပေါ်ထွက်လာပြန်ပြီ ဖြစ်ပါတယ်။

ဘရာဇီးနိုင်ငံ၊ ဆာဗာဒါမြို့ မြောက်ဘက်၊ Praia do Forte ပင်လယ်ကမ်းခြေဒေသမှာရှိတဲ့ ပင်လယ်လိပ် မွေးမြူရေးကန်က ပင်လယ်လိပ်ကြီးတစ်ကောင်ဖြစ်ပါတယ်။ ဒီလိပ်ကြီးရဲ့ အသက်က ၂၅ နှစ်အရွယ်တောင်ရှိနေပြီ ဖြစ်ပါတယ်။

ဘရာဇီးနဲ့ ခရိုအေးရှားတို့ ယှဉ်ပြိုင်ကြမယ့် အဖွင့်ပွဲစဉ်ကို ခန့်မှန်းစေခဲ့ရာမှာ ပင်လယ်လိပ်ကြီးက ဘရာဇီးအသင်းအနိုင်ရမယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ရွေးချယ်ခဲ့ပုံကတော့ ဘရာဇီးအလံ၊ ခရိုအေးရှားအလံနဲ့ သရေ ဆိုပြီး အစာသုံးနေရာချထားပေးထာ ဖြစ်ပါတယ်။ ပင်လယ်လိပ်ကြီးက သရေနေရာမှာရှိနေတဲ့ သူ့ရဲ့အစာငါးကို ဦးစွာစားခဲ့ပြီး အစာမကုန်မီမှာ ဘရာဇီးအလံဖက်က အစာကို ပြောင်းပြီးစားခဲ့တာဖြစ်ပါတယ်။

ဒီလိုရွေးချယ်ခဲ့လို့ အမျိုးချစ်တဲ့ ပင်လယ်လိပ်ကြီးလို့ မီဒီယာတွေက ကင်ပွန်းတပ်ခဲ့ကြပါတယ်။

၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့တဲ့ ဂျာမနီက ရေဘ၀ဲလ်ပေါလ်ရဲ့ နောက်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို ခန့်မှန်းကြတဲ့ တိရစ္ဆာန်တွေ အများအပြားပေါ်ပေါက်လာခဲ့ပါတယ်။ တရုတ်နိုင်ငံက ပန်ဒါဝက်ဝံလေး၊ အိန္ဒိယက ကြက်တူရွေးနဲ့ နောက်ဆုံးပေါ် အင်္ဂလန်ခွေးဘီလူးလေးရူးတို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပတ်ကမှ ပေါ်ထွက်လာခဲ့တဲ့ ခွေးဘီလူးလေးရူးကလည်း အမျိုးချစ်တဲ့ ခွေးကလေးပဲ ဖြစ်ပါတယ်။ အင်္ဂလန်နဲ့အီတလီတို့ ကစားမယ့် အဖွင့်ပွဲစဉ်ကို ခန့်မှန်းစေခဲ့ရာမှာ သူက အမိနိုင်ငံအင်္ဂလန်အနိုင်ရမယ်လို့ ရွေးချယ်ခဲ့ပါတယ်။

ရည်ညွှန်း ဒေးလီးမေးလ်
Mizzima Sport News