အမေရိကန်တွင် လူနေအိမ် အပေါ်တည့်တည့် တိုက်လေယာဉ်ပျက်ကျ (ရုပ်သံ)

ပို့စ်တင်ချိန် - 6/06/2014 07:15:00 AM


အမေရိကန်တွင် တိုက်လေယာဉ် တစ်စင်းက လူနေအိမ်ပေါ် ပျက်ကျပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဆန်ဒီယေဂို အရှေ့ဘက် မိုင် ၉၀ မျှ အကွာရှိ သဲကန္တာရထဲမှ လူနေအိမ် တစ်လုံးပေါ်သို့ Harrier တိုက်လေယာဉ် တစ်စင်း ပျက်ကျခဲ့ခြင်းဟု သတင်းများ က ဆိုသည်။ အမေရိကန် ရုပ်မြင်သံကြားဌာနများက လေယာဉ်ပျက်ကျမှု ကြောင့် အနည်းဆုံး အိမ်တစ်လုံး မီးစွဲ လောင်ခဲ့သည့် မှတ်တမ်းဗီဒီယိုများကို ပြသခဲ့သည်။ ဗုဒ္ဓဟူးနေ့ ညနေပိုင်းက ဖြစ်စဉ်တွင် တိုက်လေယာဉ်မှူးမှာ လေ ထီးဖွင့် ခုန်ထွက်သွားပြီး ဘေးအန္တရာယ် ကင်းရှင်းခဲ့ကြောင်း သိရသည်။ ၎င်းသည် ဒဏ်ရာအနည်းငယ်မျှသာ ရရှိပြီး ဆေးရုံသို့ ရောက်ရှိနေပြီဖြစ်သည်။

ပျက်ကျသော Av-8b အမျိုးအစား Harrier ဂျက်တိုက်လေယာဉ်သည် အရီဇိုးနားရှိ ယူမာမှ လေတပ်စခန်းတွင်တပ်စွဲထားကြောင်း အမေရိကန်မရိန်းတပ်ဖွဲ့ မှ အရာရှိတစ်ဦးဖြစ်သော မီလစ်ဆာလီ ကပြောကြားခဲ့သည်။ “လောလော ဆယ်တော့ ရှာဖွေရေး လုပ်ငန်းတွေ ဆောင်ရွက်နေတုန်းပဲ။ မြေပြင်က တစ်ယောက်ယောက် ထိခိုက် ဒဏ်ရာရခဲ့သ လားဆိုတာတော့ ခုချိန်ထိ တိတိကျကျ
မသိသေးဘူး” ဟုလည်း သူမက ဆို သည်။ ဒေသခံ တစ်ဦးဖြစ်သည့် အက်ဒရီယာနာ ရာမို့စ်က “လေယာဉ် ပျက်ကျလာတာက အိမ်နောက်ဖေး ခြံဝင်းထဲ ဗုံးကျလာသလိုပဲ။ တစ်အိမ်လုံးတောင် တုန်သွားတယ်” ဟုမှတ်ချက်ပြုခဲ့သည်။

ယခုဖြစ်ရပ်သည် ယူမာ လေတပ် စခန်းမှ Harrier လေယာဉ်များ တစ်လ အတွင်း ဒုတိယအကြိမ်မြောက် ပျက် ကျမှုအဖြစ်လည်း မှတ်တမ်းဝင်လာခဲ့ သည်။ မေလ ၉ ရက်နေ့ကလည်း လေယာဉ်တစ်စင်း ဂီလာမြစ်အနီးရှိ လူသူ အရောက်အပေါက် နည်းပါးသော ကန္တာ ရထဲ ပျက်ကျရာ လေယာဉ်မှူး ဘေး ကင်းစွာခုန်ထွက်လွတ်မြောက်ခဲ့ကြောင်း သိရှိရသည်း


Planet Myanmar Network