ရေမဆေးကျောက်ရှာဖွေသူများရပ်ဆိုင်းသွားရန် ညွှန်ကြားပြီးနောက် ဖားကန့်သွားမည့် စားသောက်ကုန်များအားတားဆီး

ပို့စ်တင်ချိန် - 6/16/2014 11:24:00 AM


ရေမဆေးကျောက်ရှာ ဖွေသူများအား လုပ်ငန်းများရပ် ဆိုင်းရန်အမိန့်ထုတ်ပြန်ပြီးနောက် ဖားကန့်သို့ပို့မည့် စားသောက်ကုန် များကို  နယ်မြေခံစစ်တပ်ရင်းမှ တားဆီးပိတ်ပင်မှုများ ပြုလုပ်နေ ကြောင်းသတင်းရရှိသည်။

 ‘‘မုံရွာက သယ်လာတဲ့ စား သောက်ကုန်တွေကို ဖားကန့်အ ထိ အသယ်မခံတော့ဘူး။ ဖား ကန့်ကို  ပို့မယ့်ရိက္ခာဖြတ်တဲ့သဘောပဲ။ ဆီတစ်ပုံးတောင်အတင်မ ခံတော့ဘူး။ သူတို့က တားလိုက် တော့ တင်စရာကုန်မရှိလို့ အခု သင်္ဘောတွေမထွက်နိုင်တော့ဘူး ’’ဟု ဖားကန့်မြို့နယ် ဆည်ဆင်းနှင့် ဟောင်ပါးသို့ပြေးဆွဲသည့်  ကုန် တင်ရေယာဉ်မောင်းတစ်ဦးက ပြောသည်။

ဖားကန့်ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကြီးကြပ်မှု ကော်မတီက ရေမဆေးကျောက် ရှာဖွေသူများအား ဇွန်၁၂ရက် နောက်ဆုံးထားကာ လုပ်ငန်းရပ် ဆိုင်းရန် ကြေညာချက်ထုတ်ခြင်း ဖြစ်ပြီး ဇွန် ၁၃ရက်မှစတင်ကာ နယ်မြေခံစစ်တပ်က ဖားကန့်သို့ သွားမည့်  ရိက္ခာဖြတ်ခြင်းဖြစ် ကြောင်း ဆည်ဆင်းကျေးရွာဒေသ ခံများကပြောသည်။

‘‘ရေမဆေးသမားတွေ မနေ နိုင်အောင် ရိက္ခာဖြတ်တဲ့သဘော ပါ။ အခုဆို ကုန်တွေဈေးတက်နေ ပြီး ဈေးဆိုင်တွေကလည်းလှောင် ထားတဲ့ ဆန်တောင်မရောင်းတော့ ဘူး။  ဆန်တစ်အိတ်ကို  တစ် သောင်းလောက်ဈေးတက်သွားပြီ လေ။ ကြာရင်မလွယ်တော့ဘူး’’ ဟု ဆည်ဆင်းကျေးရွာမှ ဒေသခံ ဦးမျိုးလှိုင်ကပြောသည်။

ဖားကန့်တွင် အခြားစိုက်ပျိုး ရေးလုပ်စရာမရှိဘဲ နယ်ပေါင်းစုံမှ လာရောက်သည့် ရေမဆေး ကျောက်ရှာဖွေသူများဖြင့်သာ ဒေ သတွင်း စီးပွားရေးလည်ပတ်နေရ သောကြောင့် သိန်းနှင့်ချီသည့်ရေ မဆေးသမားများလုပ်ငန်းရပ် ဆိုင်းရန် မလွယ်ကူကြောင်း ဖား ကန့်မြို့နယ်ထွေအုပ်ရုံးမှ ၀န်ထမ်း တစ်ဦးကပြောသည်။

  ယင်းအခြေအနေများ ကြောင့် ကချင်ပြည်နယ်အစိုးရရုံး မှ ခွင့်ပြုချက်တစ်စုံတစ်ရာမရမ ချင်းရေမဆေးကျောက်လုပ်ငန်း များနှင့် ပတ်သက်၍ အမိန့်မထုတ် ပြန်ရန် ညွှန်ကြားချက်တစ်စောင်   ဇွန် ၁၄ရက်က ထွက်ပေါ်လာခဲ့ပြီး ဖားကန့်ဒေသလုံခြုံရေးနှင့် တရား ဥပဒေစိုးမိုးရေးကြီးကြပ်မှုကော်မ တီအနေဖြင့်မည်ကဲ့သို့ လုပ်ဆောင်မည်ကို မသိရသေးကြောင်းအဆို ပါရုံးဝန်ထမ်းကပြောသည်။

ကျောက်စိမ်းကုမ္ပဏီများတရားဝင်တူးဖော်ခွင့်ရနိုင်ရန် ကုမ္ပဏီများက နယ်မြေခံစစ်တပ်အကူ အညီဖြင့် ရေမဆေးကျောက်ရှာ ဖွေသူများလုပ်ငန်းရပ်ဆိုင်းသွားအောင်လုပ်ဆောင်နေခြင်း ဟုဒေသခံများကဝေဖန်နေကြသည်။

7day news journal