ပုဒ်မ ၄၃၆ပြင်ဆင်ရေး မိမိလက်မှတ်မထိုးသော်လည်း ပြည်ခိုင်ဖြိုးပါတီဝင်များ လက်မှတ်ထိုးရာတွင် ပါဝင်နိုင်ဟု ဒုဥက္ကဋ္ဌ ဦးဌေးဦးပြော

ပို့စ်တင်ချိန် - 6/06/2014 05:58:00 PM

ဦးဌေးဦး

ရန်ကုန်၊ ဇွန် ၅ - ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ-၄၃၆ပြင်ဆင်ရေးအ တွက် မိမိအနေဖြင့်လက်မှတ်ထိုးမည် မဟုတ်သော်လည်း လက်မှတ်ထိုးရာ တွင် ပြည်ခိုင်ဖြိုးပါတီဝင်များပါဝင် ကောင်းပါဝင်နိုင် ကြောင်း ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဒုတိယ ဥက္ကဋ္ဌနှင့်ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးဌေးဦးက ပြောသည်။
ဇွန် ၅ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးပြီးဆုံးချိန်တွင် သတင်း မီဒီယာများနှင့် တွေ့ဆုံချိန်၌အထက် ပါအတိုင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။ ဦးဌေးဦးက ''ပါတီစုံဒီမိုကရေစီ ခေတ်ဖြစ်လို့ မိမိဆန္ဒ ကို လွတ်လွတ် လပ်လပ်ဖော်ထုတ်နိုင်ပါတယ်။ ပြင် ချင်သူ ကပြင်ချင်ကြောင်းပြောနိုင် သလို၊ မပြင်ချင်သူကလဲ မပြင်လို ကြောင်း ပြောနိုင်ပါတယ်''ဟုပြော သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီအနေဖြင့် ဖွဲ့စည်းပုံအခြေ ခံဥပဒေပုဒ်မ-၅၉(စ)အား ပြင်ဆင် ရေးအတွက် လုပ်ဆောင်နေ သည် ဟု သတင်းထွက်ပေါ်နေသည်နှင့် ပတ်သက်၍ မိမိတို့ ပါတီ အနေဖြင့် ယင်းကဲ့သို့ လုပ်ဆောင်ခြင်း မရှိကြောင်း ဦးဌေးဦးက ငြင်းဆိုသည်။

ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဒုတိယ ဥက္ကဋ္ဌနှင့်ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးဌေးဦး။
ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင် ဆင်ရာတွင် လည်း ပုဒ်မ-၄၃၆၊ ပုဒ်မ-၅၉(စ)ဖြင့် ခွဲခြားမစဉ်းစားဘဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါပြင်ဆင်ရန် လိုအပ်သည့် အခြားသောပုဒ်မများ ပါပြင်ဆင်နိုင်ရန်ဆောင် ရွက် နေပြီး ပြင်ဆင်လိုသည့်ပုဒ်မများအား ပါတီ တွင်းအဆင့်ဆင့် ဆွေးနွေးညှိနှိုင်း၍ မိမိတို့ပါတီအနေဖြင့် ပြည်သူ့လွှတ် တော်တွင်တင်ပြထားကြောင်း ယင်း ကဆိုသည်။
ဦးဌေးဦး မှ ဆက်လက်၍ ''၄၃၆ ပြင်ဆင်ရေးကို လက်မှတ်ကောက် ခံနေတာကျွန်တော်မသိလို့ဘာမှ မပြောနိုင်ပါဘူး။ လူဦးရေသန်း ၆၀ ရှိပါတယ်။ အကုန်ပါမယ်လို့မပြောနိုင် ပါဘူး'' ဟု ပြော သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြင်ဆင်ရ မည့်နည်း လမ်းများပြဋ္ဌာန်း ထားပြီး လူထုဆန္ဒမဲ ကောက်ခံပါက လည်း ဖွဲ့စည်းပုံ အခြေခံ ပါ ဥပဒေ များအတိုင်းသာ ပြင်ဆင်ရမည်ဖြစ် ကာ လူထုသဘောထား ဆန္ဒ သည် သာအရေးကြီးပြီး မိမိတို့ပါတီအနေ ဖြင့် ချမှတ်ထားသည့် လမ်းစဉ်များ အတိုင်းသာ ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ပြောသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မှ ပြောရေးဆိုခွင့်ရှိသူ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ''၄၃၆ပြင်ဆင်ဖို့ လက်မှတ်ထိုး တာနဲ့ ပတ်သက်ပြီးတော့ အန်ကယ်တို့က နဂို ကတည်း က ဆန္ဒရှိတဲ့သူ ထိုးပါ။ ဆန္ဒ မရှိရင် မထိုးပါနဲ့ ဆိုပြီး ကြေညာ ထား ပြီးဖြစ်တယ်။ လွတ်လပ်တဲ့ဆန္ဒသဘော ထားနဲ့သာထိုးပါ။ အတင်းလိုက်ပြီး မထိုးခိုင်း ထားပါဘူး''ဟု ပြော သည်။
လင်းအောင်၊ ခင်မောင်ကြီး(ရှမ်းတဲ)
[--Democracy today Daily Newspaper--]