ကလေးသုံးဆီနဲ့ မျက်နှာကို ဆေးထိုးလိုက်ရာမှ ကြောက်မက်ဖွယ်ရာ သဏ္ဍာန် ဖြစ်သွားခဲ့သူ

ပို့စ်တင်ချိန် - 6/25/2014 12:54:00 PM


မက္ကဆီကိုနိုင်ငံ နျူဗိုလာရီဒိုမှာနေထိုင်တဲ့  ဟူဂိုဟန်န်ဒက်ဂျဇီရာ အမည်ရှိအမျိုးသား တစ်ဦးမှာ လွန်ခဲ့တဲ့ ၁၇နှစ် အချိန်တုန်းက သူ့ရဲ့မျက်နှာကိုငယ်ရွယ်နုပျိုကြည်လင်တဲ့ ရုပ်မျိုးရနိုင်ဖို့အတွက် ကလေးသုံးဆီနဲ့ မျက်နှာထဲကို ဆေးထိုးသွင်းခဲ့ရာမှ အခုလို လူမြင်မကောင်းလောက်အောင် ရုပ်ပျက်ဆင်းပျက်ဖြစ်သွားပါတယ်။


အဖုအထစ် အ ပိန်းပိန်းတွေဖောင်းကားနေကာ ပန်းရောင်သမ်းနေတဲ့ ဒီလို ရုပ်ပျက်နေတဲ့မျက်နှာမျိုးက ကြည့်မကောင်းလောက်အောင် ဖြစ်နေပါတာပါပဲ။
အမျိုးသမီး တစ်ယောက်မျက်နှာလိုဖြစ်နေတဲ့ သူ့ရဲ့မျက်နှာကို  ၁၉၉၇ ခုနှစ်အချိန်က နေစပြီးတော့ ဆရာဝန်ပေါင်းများစွာနဲ့ခွဲစိတ်ပြုပြင်မှုတွေ၊ဆေးဝါးကုသမှုတွေ တစ်ခုပြီး တစ်ခု ထပ်တလဲလဲပြုလုပ်ခဲ့သော်လည်း ပိုမိုဆိုးရွားလာခဲ့ခြင်းဖြစ်ပါတယ်။

သူ့ရဲ့မူလ မျက်နှာကို ဗီတာမင်ထပ်ဖြည့်စေလိုပြီးတော့ ကလေးတစ်ယောက်လိုအသွင်ငယ်ရွယ် နုပျိုတာကို ပိုင်ဆိုင်ဖို့အတွက် ဒီလို စရိတ်သက်သာတဲ့အိမ်သုံးနည်းလမ်း ကလေးသုံး အဆီကို အသုံးပြုလိုက်တာက သူ့အတွက် ဘယ်လိုမျှပြင်မရနိုင်တဲ့ မဟာအမှာကြီး တစ်ခုဖြစ်စေခဲ့ပါတယ်။

 ဟူဂို ရဲ့ မူလမျက်နှာ

မျက်နှာတစ်ပြင်လုံးမှာအဖုအပိန်းပိန်းထလာတာကမျက်စိပေါက်ကိုတောင်ပိတ်လုနီးနီး ဖြစ်နေပါတယ်။
နှုတ်ခမ်းသားတွေ၊ ပါး၊မေးရိုးသားတွေက တွဲကျလာပြီးတော့ မူလရုပ်ကို လုံးဝဖမ်းလို့မရတော့ လောက်အောင် ကြောက်မက်ဖွယ်ရာဖြစ်နေပါပြီ။ သူ့ရဲ့ ဒီလို နာကျင်ခံစားနေရတဲ့ ဝေဒနာကိုသက်သာလာအောင်လို့ ကုသတဲ့ နည်းလမ်းအနေနဲ့  တစ်နေ့ကို ဆေးကုသမှု ၁၅ ကြိမ်လောက်လုပ်ရပြီးတော့ ကောင်းမွန်တဲ့ ဗီတာမင် အလုံအလောက်နဲ့ ရေဓာတ်တို့ လိုအပ်ပါတယ်။

နောက်ပြီး အရက်သေစာနဲ့ အဆိပ် အတောက်ဖြစ်စေတဲ့ ဓာတ်သတ္တုတွေက ဒီရောဂါကို ပိုမိုဆိုးရွားလာနိုင်စေတဲ့ အတွက် ရှောင်ရှားဖို့လိုအပ်ပါတယ်။
“ဒါက ကျွန်တော့အတွက်တော့ အရမ်းကိုဆိုးရွားလွန်းတဲ့ အိမ်မက်ဆိုးတစ်ခုလိုပါပဲ။ အရမ်းလည်း စိတ်ဓာတ်ကျရပါတယ်။ ပိုက်ဆံကို ချွေတာလိုက်တဲ့အကျိုးဆက်က ဒါပါပဲ။

အခုဆိုရင် ကျွန်တော် အပြင်တောင် မထွက်ရဲတော့ပါဘူး။အရမ်းလည်း ရှက်တယ်။ ကလေးငယ်တွေကတောင် ကျွန်တော့မျက်နှာကိုကြည့်ပြီး ကြောက်လို့ ငိုတောင်ငိုကြပါတယ်။ ကျွန်တော့လိုပဲ လူတွေကို အတုယူစေချင်ပါတယ်။မထိခိုက် စေချင်ပါဘူး”လို့ ဟူဂိုကရှင်းပြတယ်။



ဖိုးသူတော်