အိန္ဒိယမှာ ဆောက်လက်စ အထပ်မြင့် အဆောက်အအုံပြိုကျ

ပို့စ်တင်ချိန် - 6/30/2014 01:25:00 PM



အိန္ဒိယနိုင်ငံတောင်ပိုင်းက တမီးနာဒူးပြည်နယ်မှာ စနေနေ့ညပိုင်းက ဆောက်လက်စ ၁၁ ထပ်တိုက်ပြိုကျခဲ့လို့ လူ ၉ ဦးမကသေဆုံးပြီး အပြိုအပျက်တွေ အောက်မှာ လူအများကြီးပိတ်မိနေဆဲဖြစ်ပါတယ်။

မိုးတွေသည်းသည်းထန်ထန်ရွာသွန်းပြီး မိုးကြိုးတွေပစ်လို့ ဆောက်လုပ်ရေးလုပ်သားတွေ အဆောက်အဦးထဲမှာ မိုးခိုတုံး ပြိုကျတာဖြစ်ပါတယ်။ အခုထိတော့ အလုပ်သမား အယောက် ၃၀ လောက်ကို ကယ်တင်နိုင်ခဲ့ပြီး ရှာဖွေမှုတွေ ဆက်လုပ်နေတုန်းပဲလို့ ရဲကပြောပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သတ်ပြီး ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ရှိသူတွေကို ရဲက စစ်မေးနေပါတယ်။ စနေနေ့ အစောပိုင်းက နယူးဒေလီမြို့တော်မှာလည်း ဆင်းရဲသားအိမ်ယာ ၄ ထပ် အဆောက်အဦးတခု ပြိုကျခဲ့လို့ လူ ၁၁ ဦး သေဆုံး

ဗွီအိုအေ (မြန်မာဌာန)