ရန်ကုန်ပရိသတ်နဲ့ ပြန်တွေ့မယ့် အိုင်စီ

ပို့စ်တင်ချိန် - 6/25/2014 12:38:00 PM


ရန်ကုန်− ပရိသတ်အားပေးမှုကို ရရှိထား သည့် သက်တမ်းအရှည် ဆုံးရော့ခ်တီးဝိုင်း အိုင်းရင်း ခရော့စ်အဖွဲ့၏ ဖျော်ဖြေပွဲကို ဇွန် ၂၉ ရက်၌ Myanmar Event Park၌ ပြုလုပ် မည်ဖြစ်ကြောင်း ပုဂံ အင်တာတိန်းမန့်မှ ဈေးကွက်မန် နေဂျာ ကိုညီကပြောသည်။

ယခုဖျော်ဖြေပွဲမှာ စိုက်ပျိုး ရေးပစ္စည်းရောင်းဝယ်သည့် ကုမ္ပ ဏီတစ်ခု၏ ဖျော်ဖြေပွဲဖြစ်ပြီး ယင်းဖျော်ဖြေပွဲတွင် ဧည့်သည် အဆိုရှင်ပါဝင်မည်မဟုတ်ပဲ အိုင် စီအဖွဲ့၏ ပင်တိုင်အဆိုရှင်များ ဖြစ်သော လေးဖြူ၊ အငဲ၊ မျိုးကြီး နှင့် ၀ိုင်းဝိုင်းတို့သာပါဝင်မည်ဖြစ် ကြောင်း ၎င်းကပြောသည်။

ယင်းဖျော်ဖြေပွဲလက်မှတ် များကို ခြောက်ထောင်ကျပ်မှ သုံး သောင်းကျပ်အထိ ဈေးသတ် မှတ်ရောင်းချလျက်ရှိပြီး ကိုကိုဗြူး တီးစလွန်း၊ The Sun Msuic၊ မန်းသီရိတေးသံသွင်းနှင့် City Mart ဆိုင်ခွဲများတွင် ၀ယ်ယူရရှိနိုင်မည် ဖြစ်သည်။

7Day News Daily