ဈေးဝယ်နေသူ အမျိုးသမီး၏စလင်းဘက်အိတ်အတွင်းမှ ငွေများနှိုက်ယူနေသည့် ခါးပိုက်နှိုက် အမျိုးသမီးတစ်ဦးဖမ်းဆီးရမိ

ပို့စ်တင်ချိန် - 6/23/2014 02:15:00 PM


ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ
တပ်ဖွဲ့ဝင်များသည် ခါးပိုက်နှိုက်များဖမ်းဆီးအရေးယူနိုင်ရေးအတွက်
၂၁.၆.၂၀၁၄ ရက်နေ့တွင် လသာမြို့နယ်၊ (ဂ) ရပ်ကွက်၊ သိမ်ကြီးဈေး(ဒီ)ရုံရှေ့၌စောင့်ကြည့် သတင်းစုံစမ်းဆောင်ရွက်ခဲ့ပါသည်။

ထိုသို့စောင့်ကြည့်နေစဉ် ၁၀၁၀ အချိန်ခန့်၌ သိမ်ကြီးဈေး(ဒီ)ရုံရှေ့
မုန့်ဆိုင်တန်းဝင်ပေါက်အနီးတွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီး
မြို့နယ်နေ မစန်းအေး၊ (၃၈)နှစ်၊ (ဘ)ဦးကျော်သောင်းမှ ဈေးဝယ်နေသူ အမျိုးသမီးတစ်ဦးလွယ်ထားသော စလင်းဘက်အိတ်အားဇစ်ဖွင့်၍ အတွင်းမှငွေကျပ် (၂၂၀၀၀)ကို နှိုက်ယူနေစဉ် ဖမ်းဆီးရမိခဲ့ပါသည်။

ထိုသို့ဖမ်းဆီးရမိသဖြင့် ၎င်းအား လသာမြို့မရဲစခန်း(ပ)၁၉၁/၂၀၁၄၊
ပြစ်မှုပုဒ်မ-၃၇၉(နှိုက်)/၅၄ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Yangon Police