မဟာသန္တိသုခဘုန်းကြီးကျောင်း အကြမ်းဖက်ပြောင်းရွှေ့ခံရ

ပို့စ်တင်ချိန် - 6/11/2014 09:38:00 AM


 ရန်ကုန်မြို့၊ တာမွေ နတ်ချောင်းက မဟာသန္တိသုခကျောင်းတော်ကြီးမှာ သီတင်းသုံးနေတဲ့ သံဃာတော်တွေကို တိုင်းသာသနာရေး ဦးစီးအဖွဲ့ကကမ္ဘာအေး သုံးထပ်ဆောင်သို့ ညသန်းခေါင်အချိန်မှာ ခေါ်ဆောင်သွားပါတယ်။

ဒါ့အပြင် ဒကာအချို့ကိုတော့ တာမွေရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့စုံစမ်းသိရှိရတယ်။

လက်ရှိအချိန်မှာတော့ မဟာသန္တိသုခကျောင်းတိုက်ရဲ့ ကျောင်းထိုင်ဆရာတော် ပီနန်ဆရာတော်ကြီးဟာ ဇွန်လ ၅ရက်ကစတင်ပြီး ဂျပန်နိုင်ငံကို သာသနာပြုခရီး သွားနေတဲ့ အချိန်လဲဖြစ်နေပါတယ်။

သတင်းဓာတ်ပုံ - ကျော်ဇေယျာဝင်း

DVB TV News