လမ်းဘေးစာသင်ဝိုင်းပိတ်ပင်ခံရပြီး ကလေးငယ်(၁၅)ဦး လေလွင့် ကလေးများအဖြစ် ဖမ်းဆီးခြင်းခံရ။

ပို့စ်တင်ချိန် - 6/26/2014 04:38:00 AM


၂၄.၆.၂၀၁၄ မနက်က ရန်ကုန်ဘူတာကြီးနားမှာ အသက်(၁၂-၁၃)
ဝန်းကျင် ကလေး(၁၅)ယောက်ကို လေလွင့်ကလေးတွေ ဆိုပြီး ရဲကဖမ်းလိုက်ကြောင်းသိရှိရပါသည်။ ထို.နောက်တော့ ကလေး (၁၂)
ယောက်ကို ဘုန်းကြီးကျောင်းပညာသင်ကြားရေးဖွင့်လှစ်ထားသော ဆရာတော် အရှင်ဝေပုလ္လနှင့်ဆရာတော်တစ်ပါးတို.မှ ရဲစခန်း ထောက်ခံ
စာ၊ ရပ်ကျေးထောက်ခံစာနဲ.ကျောင်းထိုင်ကိုယ်တိုင်ကြီးလာနေရက်နဲ့
ကျောင်းထိုင် ထောက်ခံစာအသီးသီးကို တင်ပြခဲ့ရပြီး အာမခံဖြင့် ထုတ်ယူရခဲ့ပါသည်။

ကျန်ရှိသည့် ကလေးငယ် (၃) ဦးအား ပြစ်မှုရှိသည်ဆိုကာ ဖမ်းဆီးထား
ကြောင်းနှင့် အဆိုပါကလေးများမှာဘူတာကြီး လမ်းဘေးစာသင်ဝိုင်းမှာ စာလာသင်ခဲ့တဲ့ ကလေးများသာဖြစ်ကြောင်းလည်းသိရှိရပါသည်။

၎င်း ရန်ကုန်ဘူတာကြီးစင်္ကြန်(၃)က လမ်းဘေးစာသင်ဝိုင်းအား
DVB တီဗီသတင်းတစ်ခုမှာပါလာပြီး နောက် တရက်မှာ အထက်က အမိန့်အရ
ဆိုပြီး အပိတ်ခံလိုက်ရကြောင်း နှင့် ယခုလိုကလေးတွေကို လေ့လွင့်ဆိုပြီး ဖမ်းဆီးလိုက်ခြင်းလည်းဖြစ်ကြောင်း သိရပါသည်။

အဆိုပါဖြစ်ရပ်နှင့်စပ်လျဉ်းပြီး လူမှုကွန်ယက်များတွင် အပြင်းအထန်
ဝေဖန်မှုများဖြစ်ပေါ်နေပြီး၊ ပြည်သူများမှ " ဒီကလေးတွေ ဘာကြောင့် လမ်းပေါ်ရောက်နေကြရသလဲ....၊အခမဲ့ပညာရေး ဖော်ဆောင်
နေပါတယ်ဆိုတဲ့ ကျောင်းတွေကို ဒီကလေးတွေ ဘာကြောင့် စာသင်ခန်း
ထဲ ရောက်မလာနိုင်သေးလဲ... ၊ဒီလိုကလေးတွေကိုNFE Non-Formal Edu ကျောင်းပြင်ပ ပညာရေးအနေနဲ့ စာသင်ပေးလိုသူတွေက လမ်းဘေးစာသင်ဝိုင်းလေးနဲ့ သင်ပေးနေတာတွေ သတင်းထဲပါလာလို့ မရှိတဲ့အရှက် ဟက်တက်ကွဲသွားလို့လား၊ပညာရေးဖြင့် ခေတ်မှီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကြီး တည်ဆာက်အံ့..ဆို၊ မသင်မနေရ အခမဲ့
ပညာရေးဆို မူလတန်း၊အလယ်တန်း၊ အထက်တန်းထိပါ ဖော်ဆောင်
သွားပါမယ်....ဆို၊" စတဲ့ မေးခွန်းဝေဖန်မှုများ ပြန်.နှံလျက်ရှိနေကြောင်း
သိရှိရပါသည်။

သတင်းရင်းမြစ်- အရှင်ဝေပုလ္လနှင့် ကိုပြည့်စုံ FB.

Tomorrow