ချစ်သူကို မယ်စကြဝဠာဆုရစေချင်လို့ ကိုယ်တိုင်အားပေးမယ့် နိုင်းဝမ်း

ပို့စ်တင်ချိန် - 6/12/2014 07:24:00 AM



 ချစ်သူ ယွန်းမှီမှီကျော်ကို စကြဝဠာတစ်ခုလုံးတွင် အလှဆုံး ချစ်သူအဖြစ် မှတ်ယူထားသည့် နိုင်းဝမ်းက ဇူလိုင်နောက်ဆုံးပတ် တွင် ပြုလုပ်မည့် Miss Universe Myanmar 2014 ပြိုင်ပွဲတွင် လည်း ချစ်သူကိုကိုယ်တိုင်သွား ရောက်အားပေးမည်ဟု ပြော သည်။

‘‘ကျွန်တော့်အနေနဲ့တော့ ယွန်းမှီမှီကျော်က လွန်ခဲ့တဲ့တစ် နှစ်ကတည်းက စကြဝဠာတစ်ခု လုံးမှာ အလှဆုံးဆိုပြီး ရွေးချယ် ထားတဲ့ Miss Universe ပါ။ အဲဒါကြောင့် ဒီပြိုင်ပွဲမှာလည်း စကြဝဠာတစ်ခုလုံးမှာ အလှဆုံး ဆိုတဲ့ဆုရစေချင်တယ်’’ဟု  နိုင်း ဝမ်းက ပြောသည်။

မယ်စကြဝဠာ (မြန်မာ)ပြိုင် ပွဲအတွက် ယွန်းမှီမှီကျော်၏ ကြိုး စားအားထုတ်မှုများကို တွေ့နေရ သောကြောင့် Miss Universe Myanmar 2014 ဆန်ခါတင်စာ ရင်းတွင်ပါဝင်မည်ကို ယခင် ကတည်းက ယုံကြည်မှုရှိခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားပြုဖြစ်စေ ချင်သည်ဟု ၎င်းက ဆိုသည်။

‘‘သူ Miss People ရတုန်း ကလည်း ကျွန်တော်မရှိဘူး။ သူ တို့တစ်ယောက်ချင်းမိတ်ဆက် တာကိုပဲ ကြည့်လိုက်ရတာ။ နောက်ပြီး  ဖျော်ဖြေပွဲရှိလို့  မန္တလေးကိုသွားရတာ။ သူဘာဆုတွေရတယ် ဆိုတာကို    ကျွန်တော့်အမေက ဖုန်းဆက်ပြီးပြောပြတာ။   အဲဒီတုန်းက   လမ်းမှာပဲကားမောင်း ရင်း ရင်ခုန်နေရတာ။ ဒီတစ်ခေါက် တော့  ရှိုးဖျော်ဖြေဖို့ရှိရင်တောင် လက်မခံဘဲသွားကြည့်မယ်’’ ဟု နိုင်းဝမ်းက ပြောသည်။

လတ်တလော အနုပညာ လှုပ်ရှားမှုအနေဖြင့် ပထမဆုံး တစ်ကိုယ်တော်ခွေကို ပြင်ဆင် လျက်ရှိပြီး    နယ်ဖျော်ဖြေပွဲများ လည်း ဆက်တိုက်သွားရောက်ရန် အစီအစဉ်ရှိသလို ပြည်ပဖျော်ဖြေ ရေးတစ်ခုအတွက် ကမ်းလှမ်းခံ ထားရသည်ဟု ဆိုသည်။

ဇွန်လ ၁၀ ရက်တွင်  ကျ ရောက်ခဲ့သော    ချစ်သူသက် တမ်းတစ်နှစ်ပြည့်နှင့်ပတ်သက်၍ နိုင်းဝမ်းက ‘‘တစ်နှစ်ပြည့်အနေနဲ့ ည ၁၂ နာရီကျော်တော့  လက် ဆောင်ပေးတယ်။  Wish လုပ်ပြီး ပြန်လာတယ်။  နောက်ပြီး  သူ Suprise ဖြစ်အောင် ပန်းစည်းလေး ပေးတယ်။ ဖုန်းကတော့ သူလိုချင်တဲ့ ပန်းရောင်မရလို့ မှာထားခဲ့ရ တယ်’’ဟုပြောသည်။

7day