စည်းကမ်းမဲ့မော်တော်ယာဉ် တိုင်ကြားသူ၏ကိုယ်ရေးအချက်အလက်များကို လျှို့ဝှက်ပေးထားမည်ဟု ဆို

ပို့စ်တင်ချိန် - 6/14/2014 08:42:00 PM



(ရန်ကုန် ဇွန် ၁၄)

စည်းကမ်းမဲ့မော်တော်ယာဉ် အားဖေစ့်ဘုတ် ၀က်ဘ်ဆိုဒ် မှ တိုင်ကြားရာတွင်
တိုင်ကြားသူ၏ လုံခြုံရေးအတွက် ကိုယ်ရေး အချက်အလက် များကို လျှို့ဝှက်ပေးထားမည်ဟု အမှတ်(၂)ယာဉ်ထိန်းရဲ ရုံးမှဒုရဲမှုးကြီး ဦးလင်းထွဋ် ကပြော သည်။

“တိုင်ကြားသူအတွက် လုံခြုံရေးကိုတာဝန်ယူမှာပါ၊ ဒီလိုသတင်းပေးတဲ့ လူ ရဲ့ နာမည်(သို့) အကောင့် ကိုပေါက်ကြား သွားမယ်ဆိုရင် အကိုတို့ မှာ တာဝန် ရှိပါတယ်”ဟုဒုရဲမှူးကြီးဦးလင်းထွဋ်ကပြောသည်။

ထို့ ပြင် အဆိုပါ တိုင်ကြားသူ၏ သတင်းပေးမှုမှာ မှန်မှန်ကန်ကန်ဖြစ်ပြီး သတင်းပေးမှု များလာပါက ဆုချီးမြှင့်ရန် တင်ပြထားကြောင်း ၄င်းက ထပ်ပြောသည်။

လက်ရှိတွင် အဆိုပါ စည်းကမ်းမဲ့ မောင်းနှင်သောယာဉ် များအား တိုင်ကြားမှု မှာ နည်းနေပြီးပြည်သူများ မပူးပေါင်းပါ ၀င် ကူညီပေးပါက စည်းကမ်းမဲ့ ယာဉ်များကို ပိုမိုအရေးယူနိုင်မည် ဖြစ်ကြောင်း ၄င်းကဆိုသည်။

စည်းကမ်းမဲ့ မော်တော်ယာဉ် များအားယာဉ်ထိန်း ရဲတပ်ဖွဲ့ ၏ ၀က်ဘ်ဆိုဒ်ဖြစ် သည့် Yangon Traffic Police ဆိုဒ်မှ တိုင်ကြားပေးရန်ကြေငြာ ထားပြီး အဆိုပါ တိုင်ကြားသူ၏ ဖေစ့်ဘုတ်ကဲ့သို့ သော လူမှုဆက်ဆံရေး ဆိုဒ် များ၏ လုံခြုံ ရေးအတွက် အမှတ်(၂) ယာဉ်ထိန်းရဲ ရုံးမှတာဝန် ယူမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

စည်းကမ်းမဲ့ ယာဉ်များ အား တိုင်ကြားရာတွင် တိုင်ကြားမှုအား စစ်ဆေးပြီး မှန်ကန်ပါက အမြန်ဆုံး အရေးယူသွားမည် ဟုဒုရဲမှုးကြီး ဦးလင်းထွဋ် ကပြောသည်။

ဇေဝေယံ
popular myanmar