ပင့်ကူ တစ်ကောင် နိမ်နင်းဖို့ အတွက် အိမ်မီးရှို့မိသွားခဲ့

ပို့စ်တင်ချိန် - 6/30/2014 01:25:00 PM



အမေရိကန် ပြည်ထောင်စု Kansas ပြည်နယ်က Hutchinson မြို့မှာ ဖြစ်ပါတယ်။ ပြီးခဲ့ တဲ့ သောကြာနေ့ညက အမျိုးသမီး တစ်ဦးက ပင့်ကူကို သတ်ဖို့ ကြိုးစားရင် အိမ်မီးရှို့မိသလို ဖြစ်သွား ပါတယ်။


မီးစနဲ့ အိပ်ယာ အနီးနားမှာ ရှိနေတဲ့ ပင့်ကူ တစ်ကောင်ကို သတ်ဖို့ ကြိုးစားရင်း ခန်းဆီး လိုက်ကာတွေ  မီးစလောင် ပါတယ်။ ဒီလိုနဲ့ လိုက် နိမ်နင်းရင် အိပ်ယာ တို့ကနေ တစ်အိမ်လုံး နီးပါး မီးစာ တို့ထား ပြီးသလို ဖြစ်သွားပြီး မီ တောက်လောင် ပါတော့တယ်။ ဒါကြောင့်မို့ မီးသတ်ကို ဖုန်းဆက်ခေါ် မီးငြိမ်း လိုက်ရပြီး ဘယ်သူမှ ထိခိုက် ဒဏ်ရာရခြင်း၊ သေဆုံးခြင်း မရှိ ပါဘူး။

သို့ပေမယ့် ပုရွက်ကို အမြောက်နဲ့ ပစ်ဖို့ ကြိုးစားသလို၊ ပင့်ကိုကို သတ်ဖို့ အိမ်မီးရှို့ သလို ဖြစ်သွားတဲ့ သူမ ကတော့ တရားရင်ဆိုင် ရတော့မှာ ဖြစ်ပါတယ်။
.
Ref: Metro
အောင်ခမ်း (www.innewsmyanamr.com)