ထောင်ထဲမှာ ကာမဆက်ယှက်တဲ့ စုံတွဲ

ပို့စ်တင်ချိန် - 6/05/2014 09:25:00 AM


သေဒဏ် ချမှတ်ခံထားရတဲ့ တရားခံတစ်ဦးကိုတော့ Fulton county အကျဉ်းထောင်မှ သူ့ရဲ့ အကျဉ်းခန်းက သော့ကို ဖျက်ပြီး ပစ်ဒဏ်ကျခံနေတဲ့ အခြားအကျဉ်းသူတစ်ဦးနဲ့ ကာမဆက်ဆံနေတာကို ဖမ်းဆီးမိခဲ့ပါတယ်။


ဒါဟာ အဆိုပါ အကျဉ်းထောင်မှာ အကျဉ်းသားဦးရေ အလွန်များပြားနေတာကို ပြသပြီး အကျဉ်းသားတွေကို စောင့်ကြည့်နေတဲ့ ရဲတွေကိုလည်း မခန့်လေးစား ပြုလုပ်လိုက်တဲ့ ဖြစ်ရပ်တစ်ခုလို့ ပြောကြပါတယ်။

မေလ ၂၆ရက်နေ့မှာတော့ လူသတ်မှုနဲ့ ထောင်ကျနေသူ Norris Speed ဟာ သူ့ရဲ့ အခန်းသော့ကို ဖျက်ပြီး အခြား အကျဉ်းသူတစ်ဦး ဖြစ်တဲ့ Jasmine Jones နဲ့ ကာမဆက်ဆံဖို့ ကြိုးစားခဲ့ပါတယ်။ Jasmine Jones ကတော့ သူမကို စောင့်ကျပ်သူ ရဲသားကို ခေါ်ယူပြီး ရေသွားချိုးဖို့ အခန်းကို ဖွင့်ပေးရန် ပြောပြီး သူမရဲ့ အကျဉ်းခန်းကနေ လွတ်လာခဲ့ပါတယ်။ အဲဒီနောက် Speed က သူ့ရဲ့ အခန်းကို ကူးလာဖို့ ပြောဆိုခဲ့ပါတယ်။

ပထမတော့ သူမ တွေဝေခဲ့ပါတယ်။ ဒါပေမယ့် သူမ Speed ရဲ့ သော့ပျက်နေတဲ့ အခန်းကို ၀င်ခဲ့ပြီး သူမတို့ နှစ်ဦး ကာမဆက်ဆံခဲ့ကြပါတယ်။ သူတို့စုံတွဲရဲ့ အဖြစ်အပျက်ကိုတော့ Jones ပျောက်သွားလို့ လိုက်ရှာနေတဲ့ အခန်းစောင့်ရဲသားကနေ တွေ့ရှိခဲ့ပြီး ဘယ်လို ပြစ်ဒဏ် ထပ်မံ ချမှတ်မယ် ဆိုတာကိုတော့ မသိရသေးပါဘူး။



အဆိုပါ အကျဉ်းထောင်ဟာ ဆိုရင် ဂျူလိုင်လမှာ ပြီးဆုံးမယ့် တံခါးသော့ အသစ်လဲလှယ်ရေး စီမံကိန်းအတွက် ဒေါ်လာ ၅ မီလီယံ အကုန်အကျခံထားတယ်လို့လည်း သိရပါတယ်။

World Myanmar  News မှ ဆီလျော်အောင် ဘာသာပြန်သည်။

ref: dailymail.co.uk