ကမ္ဘာ့ဖလားပွဲစဉ်များတွင် လောင်းကြေးများရှုံး၍ တရုတ်ကျောင်းသားတစ်ဦး ကိုယ့်ကိုယ်ကိုယ်သတ်သေ

ပို့စ်တင်ချိန် - 6/25/2014 09:16:00 AM



ကမ္ဘာ့ဖလားပွဲစဉ်များတွင် လောင်းကစားမှုပြုလုပ်ရာ၌ ငွေကြေးအများအပြား ရှုံး နိမ့်ခဲ့ခြင်းကြောင့် တရုတ်ကောလိပ်ကျောင်းသားတစ်ဦး ကိုယ့်ကိုယ်ကိုယ်သတ်သေသွားခဲ့ကြောင်း ဒေသတွင်းမီဒီယာတစ်ခု၏ ဖော်ပြ ချက်အရ သိရသည်။

မျိုးရိုးအမည် လင်းဟု သိရသည့် အဆိုပါ ဒုတိယနှစ်ကောလိပ်ကျောင်းသားသည် ကမ္ဘာ့ဖလားပွဲစဉ်များ၌ လောင်းကြေးများရှုံးနိမ့်ခဲ့၍ ဒေါ်လာ သုံးထောင်အထိ ကြွေးမြီများတင်ခဲ့ပြီးနောက် တိုက်တစ်ခု၏ခုနှစ်ထပ်အမြင့်မှ ခုန်ချကာ သတ်သေခဲ့ခြင်းဖြစ်သည်။

လင်းမှာ ကမ္ဘာ့ဖလားပွဲစဉ်များတွင် လောင်းကြေးဒေါ်လာ ၃၂၀၀ အထိ ရှုံးနိမ့်ခဲ့ ကာ ယင်းငွေကြေးများကို ပေးချေရန် အ ကြွေးရှင်များ၏ ဖိအားပေးမှုကို ခံခဲ့ရပြီးနောက် ကိုယ့်ကိုယ်ကိုယ်သတ်သေခဲ့ခြင်း ဖြစ်ကြောင်း ၎င်း၏အတန်းဖော်တစ်ဦးက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံတွင် အစိုးရမှ ကမ္ဘာ့ဖလားပွဲစဉ်များအတွက် တရားဝင်လောင်းကစားဒိုင်များ ဖွင့်လှစ်ပေးထား ပြီး ယခုနှစ်ကမ္ဘာ့ဖလားတွင် လောင်းကစားအတွက် ငွေကြေးသုံးစွဲမှုမှာ ၂၀၁၀ ကမ္ဘာ့ဖလားထက် နှစ်ဆကျော် ပိုမိုများပြားခဲ့ကြောင်း သိရသည်။

Eleven Media