တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းများ ထုတ်၍ရပြီ

ပို့စ်တင်ချိန် - 6/11/2014 10:55:00 AM


ရန်ကုန် ဇွန် ၁၀

ဇွန် ၇ ရက်က တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများ ထွက်ရှိခဲ့ပြီးဖြစ်သည်။ စာမေးပွဲအောင်မြင်ပြီး မိမိ အမှတ်မည်မျှရကြောင်း သိလိုသူများ ရမှတ်အပေါ် မူတည်၍ ရှေ့ဆက်လျှောက်ရမည့်လမ်းကြိုတင်တွေးဆ ရွေးချယ်ထားနိုင်မည်ဖြစ်သည်။

စာမေးပွဲအောင်မြင်သူများ၏အမှတ်စာရင်းများကို ဇွန် ၁၃ရက် (သောကြာနေ့) မတိုင်မီ ထုတ်ပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က ပြောခဲ့သည်။ ဇွန် ၁၃ ရက်ထက် စော၍ ဇွန် ၁၀ ရက်တွင် အမှတ်စာရင်းများထုတ်၍ရပြီဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တက္ကသိုလ်ဝင်စာမေး ပွဲ အောင်မြင်သူများ ရန်ကုန်မြို့ လှိုင် တက္ကသိုလ်နယ်မြေ ဇွဲကပင်ဆောင်၌ အမှတ်စာရင်းထုတ်ယူ နိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar