လေးနှစ်သားအရွယ် ကိုယ်အလေးချိန်နဲ့ ညီမျှတဲ့ ဟမ်ဘာဂါ

ပို့စ်တင်ချိန် - 6/06/2014 03:38:00 PM



အင်္ဂလန်နိုင်ငံ၊ ဘလက်ပူးလ်မြို့မှာရှိတဲ့ ဟိုတယ်တစ်ခုဟာ ဗြိတိန်ရဲ့ အကြီးဆုံး ဟမ်ဘာဂါကို မိတ်ဆက် ပြသခဲ့ပါတယ်။ ဒီဟမ်ဘာဂါကြီးဟာ ဘယ်လောက်အထိကြီး သလဲဆိုရင် လေးနှစ်သားအရွယ် ကလေးငယ်တစ်ဦးရဲ့ ကိုယ်အလေးချိန်နဲ့ ညီမျှတယ်လို့ သိရပါတယ်။ ဟမ်ဘာဂါမှာ ပါဝင်တဲ့ အမဲသား တစ်ခုတည်းရဲ့ အလေးချိန်က ပေါင် (၃၀) အထိ ရှိခဲ့ပါတယ်။ ဒီဟမ်ဘာဂါကြီးဟာ အလေးချိန် (၄၅) ပေါင် ရှိခဲ့ပြီး အချဉ်ရည်က (၂)ပေါင်၊ ဒိန်ခဲ က (၃ ဒသမ ၅) ပေါင်၊ အာလူးက (၁) ပေါင်၊ ဆလပ်ရွက်က (၁) ပေါင် ရှိခဲ့တယ်လို့ ဆိုထားပါတယ်။

ဒီဟမ်ဘာဂါကြီးကို အချိန် (၂)နာရီ ကျော်ယူပြီး ဖန်တီးပေးထားတာဖြစ်ကာ လူ (၁၂)ယောက် တစ်ပြိုင်နက်တည်း စားသုံးလို့ ရပါတယ်။ ဟမ်ဘာဂါဟာ (၂၁) လက်မ အထိမြင့်ပြီး အရင်စံချိန်ကို ချိုးဖျက်ပြီး ဗြိတိန်ရဲ့ အကြီးဆုံး ဟမ်ဘာဂါအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ဟိုတယ်ပိုင်ရှင် အက်ကင်ဆန် က စံချိန်တစ်ခု တင်နိုင်ခဲ့လို့ ကျေနပ်မိကြောင်း၊ ယခင်က ဟမ်ဘာဂါမျိုးစုံကို လုပ်ခဲ့ဖူးသော်လည်း ယခုပြုလုပ်တဲ့ ဟမ်ဘာဂါလောက် စိတ်လှုပ်ရှားခြင်း မရှိကြောင်း၊ ဆက်လက်ပြီး စံချိန်သစ်တင်နိုင်အောင် ကြိုးစားသွားဦးမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။


The Messenger's Eventure Detail
www.messengernewsjournal.com
messenger news journal