ကလေးကို ကားထဲမှာ ချန်ခဲ့လို့ သေရတဲ့ အဖြစ်

ပို့စ်တင်ချိန် - 6/20/2014 12:11:00 PM



အမေရိကန်နိုင်ငံ ဖလော်ရီဒါ ပြည်နယ်မှာ ဖြစ်ပါတယ်။  အပူချိန် လွန်ကဲတဲ့ ကားထဲမှာ ကလေးငယ်ကို ၈ နာရီ ကြာ ထားခဲ့လို့ သေ၇တဲ့ အဖြစ် ဖြစ်ပါတယ်။


ထူးထူးခြားခြား ဝမ်းနည်းစရာ ဖြစ်ရပ် ပါတယ်။ အသက် ၂၂ လ (၂နှစ်နီးပါး) အရွယ်သာ ရှိသေးတဲ့ ကလေးငယ်ရဲ့ အဖေဟာ အင်မတန် လမ်းကြပ် လမ်းပိတ်တဲ့ လမ်းမှာ မောင်းနှင်လာပြီး ကားပါကင်တစ်ခုမှာ ထားခဲ့ ပါတယ်။ အလုပ်ကိစ္စ  လုပ်ပြီး ပြန်လာကြည့်တဲ့အချိန် အသက်မရှိတော့တဲ့ ကလေးငယ် ကိုသာ မြင်ရ ပါတော့တယ်။ အပြင် အပူချိန် ၃၂ ဒီဂရီ ရှိပြီး ကား အထဲမှာ ၅၅ ဒီဂရီ စင်တီဂရိတ် အပူချိန် ရှိတဲ့ အနေအထား ဖြစ်ပါတယ်။

ဒါကြောင့်မို့ အတွင်းထဲကနေ ထွက်မရ လောင်ပိတ် ခံထားရတဲ့ ကလေးငယ် ဟာ နောက်ဆုံးတော့ သေဆုံး သွားရ ရှာပါတယ်။ ဒီအတွက် အသက် ၃၃ နှစ် ရှိပြီ ဖြစ်တဲ့ အဖေ ဖြစ်သူဟာလည်း ထောင်ထဲ ဝင်ရမှာ ဖြစ်ပါတယ်။ သူကိုယ်တိုင်လည်း ဝမ်းနည်းစွာပဲ ကလေးရဲ့ အသက်ကို ဆုံးရှုံး ခဲ့ရခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ ပူအိုက်တဲ့ ရာသီမှာ အပူလွန်ကတဲ့ ကားထဲ ကျန်းမာရေး မကောင်းသူတို့၊ ကလေးငယ်တို့ကို အချိန်ကြာကြာ ထားရှိခြင်း မပြုရန် သတိပေး တိုက်တွန်း လိုက်ရ ပါတယ်။
.
Ref: Metro
အောင်ခမ်း (www.innewsmyanmar.com)