မဲဆောက်တွင်ဖမ်းမိသည့်အမျိုးသမီးမူးယစ်ဂိုဏ်းခေါင်းဆောင်နှင့် ဆက်စပ်သည့်မြန်မာခြောက်ဦးကို နှစ်နိုင်ငံပေါင်း ဖမ်းမည်

ပို့စ်တင်ချိန် - 6/10/2014 01:03:00 PM



မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့တွင်အမျိုးသမီးတစ်ဦး ခေါင်းဆောင်သည့်
မူးယစ်ဆေးဝါးရောင်းဝယ်ရေးလုပ်ငန်းတစ်ခုကို ထိုင်းရဲက ဖမ်းဆီးခဲ့ပြီး အဆိုပါ
အမှုနှင့် ပတ်သက်နေသည့်မြန်မာလူမျိုးခြောက်ဦးကို ကူညီဖမ်းဆီးပေးရန် မြန်မာနိုင်ငံသို့အကြောင်းကြားထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ  သတင်းရရှိသည်။

‘‘သံသယရှိတဲ့ မြန်မာလူမျိုး ခြောက်ယောက်ကို ကူညီဖမ်းဆီး ပေးဖို့ ထိုင်းရဲဘက်က စာနဲ့အ ကြောင်းကြားလာတယ်လို့ သိရ တယ်။ နှစ်နိုင်ငံချုပ်ဆိုထားတဲ့ စာချုပ်တွေအရ ထိုင်းဘက်ကလည်း တောင်းဆိုတာပါ။ ကျွန်တော်တို့ဘက်ကလည်း အမှုမှန်ပေါ်ဖို့ လိုအပ်တာတွေ ကူညီပေးဖို့ရှိပါတယ်’’ ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ နိုင်ငံဖြတ်ကျော်မှုခင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

 မဲဆောက်မြို့ မယ်တော် ရပ်ကွက်ရှိ အိမ်တစ်အိမ်ကို မေလ ၈ ရက်က  ၀င်ရောက်ဖမ်းဆီးခြင်းဖြစ်ပြီး အသက် (၅၂) နှစ်အရွယ်ထိုင်းအမျိုးသမီးကို  မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် ဆက် နွှယ်ဖွယ်ရှိသည့် ဘတ်ငွေသန်းနှင့်ချီ၍ ဖမ်းဆီးနိုင်ခဲ့ကာ မြန်မာအမျိုးသားသုံးဦးနှင့် အမျိုးသမီးသုံးဦးကို ထိုင်းရဲက ဖမ်းဝရမ်းထုတ်ထားကြောင်း သတင်းရရှိသည်။

  ထိုင်းရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက်များအရ မူးယစ် ဆေးဝါးအရောင်းအ၀ယ်ပြုလုပ် နေသည့်  အဆိုပါအဖွဲ့သည် ရန် ကုန်၊  မော်လမြိုင်နှင့် မြ၀တီမြို့ များနှင့် ချိတ်ဆက်၍ မူးယစ်ဆေး ရောင်းရငွေများ လွှဲပြောင်းနေပြီး အဆိုပါ အမျိုးသမီးပိုင်ဆိုင်သည့် ဘဏ်ငွေစုစာအုပ်များနှင့် အိမ် နှင့်  ကားများပါ သိမ်းဆည်းလိုက် ကြောင်း ထိုင်းနိုင်ငံထုတ် နေ့စဉ် သတင်းစာများတွင် ဖော်ပြထား သည်။

အတည်မပြုနိုင်သေးသော သတင်းများအရ ထိုင်းရဲက ဖမ်း ၀ရမ်းထုတ်ထားသည့် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးကို မြ၀တီမြို့တွင် ဇွန်လ ၉ ရက်ညက ဖမ်းဆီးလိုက်ကြောင်း  သတင်း ရရှိသည်။

7 Day News Daily