အာဇာနည်ဗိမာန်မှာ ဗုံးခွဲလုပ်ကြံခံခဲ့ရတဲ့ တောင်ကိုရီးယားအစိုးရအဖွဲ့ဝင် ၁၇ ဦး အတွက် အောက်မေ့ဖွယ်ကျောက်တိုင်ကို အာဇာနည်ဗိမာန်ပရဝဏ်အနီးမှာ ဒီနေ့ ဖွင့်လှစ်

ပို့စ်တင်ချိန် - 6/06/2014 04:35:00 PM


အာဇာနည်ဗိမာန်မှာ ဗုံးခွဲလုပ်ကြံခံခဲ့ရတဲ့ တောင်ကိုရီးယားအစိုးရအဖွဲ့ဝင် ၁၇ ဦး အတွက် အောက်မေ့ဖွယ်ကျောက်တိုင်ကို အာဇာနည်ဗိမာန်ပရဝဏ်အနီးမှာ ဒီနေ့ ဖွင့်လှစ်လိုက်ပါတယ်။


တောင်ကိုရီးယား သမ္မတချန်ဒူးဝှမ်နဲ့အဖွဲ့ အာဇာနည်ဗိမာန်ကို လာရောက်စဉ် မြောက်ကိုရီးယားအထူးလေ့ကျင့် ရေးတပ်ဖွဲ့ဝင်တွေက အဝေးထိန်းဗုံးနဲ့ လုပ်ကြံခဲ့တဲ့အတွက်သေဆုံးသွားကြတဲ့တောင်ကိုရီးယားအစိုးရအဖွဲ့ဝင် ၁၇ ဦးကိုအထိမ်းအမှတ်အဖြစ်ပြုလုပ်ထားတဲ့ကျောက်တိုင်ကို ဇွန်လ ၆ ရက်နေ့က ဖွင့်လှစ်လိုက်တာပါ။

အဲဒီကျောက်တိုင်ကို တောင်ကိုရီးယားနိုင်ငံဆိုးလ်မြို့တွင်ထုလုပ်ခြင်းဖြစ်ပြီး အမြင့်ငါးပေ၊ အလျားပေ ၂၀ ရှိပြီးတော့ နံရံမှာတော့လုပ်ကြံခံခဲ့ရတဲ့ ကိုယ်စားလှယ် ၁၇ ဦးရဲ့အမည်တွေကို ရေးထိုးထားပါတယ်။ လုပ်ကြံမှုကြောင့် ကိုယ်စားလှယ် ၁၇ ဦးသေဆုံးခဲ့တဲ့အပြင် မြန်မာဘက်က သုံးဦးသေဆုံးခဲ့ပါတယ်။

အခုကျောက်တိုင်ကို ရွှေတိဂုံဘုရားမြောက်ဘက်မုခ် သွေးဆေးကန် ကိုက် ၅၀ အကွာ အာဇာနည်ဗိမာန်ဝင်းအ၀ရှိ ဧည့်နားနေအောင်အနီးမှာ တည်ရှိပြီး ဖွင့်ပွဲကို တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ယူဗြောင်စီ တက်ရောက်ခဲ့ပါတယ်။





သတင်းဓာတ်ပုံ - ကျော်ဇေယျာဝင်း
DVB TV News