တက္ကသိုလ်တက်ရန် မိဘများနှင့် မခွဲနိုင်၍ အမျိုးသမီး တစ်ဦး ပိုးသတ်ဆေး သောက်သေဆုံး

ပို့စ်တင်ချိန် - 6/27/2014 06:10:00 PM


 မန္တလေးတိုင်း ဒေသကြီး ရမည်းသင်း မြို့နယ်တွင် မိဘများက တက္ကသိုလ် ဆက်တက်ရန် ပြောကြားရာမှ မိဘများနှင့်မခွဲလို၍ အမျိုး သမီးငယ်တစ်ဦး ပိုးသတ်ဆေး သောက်၍ သေဆုံးမှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ယခုလ ၂၃ ရက် ညနေ ၆နာရီက ရမည်းသင်း ဆေးရုံသို့ အဆိပ်သောက် သေဆုံးနေသည့် အမျိုးသမီး တစ်ဦး ရောက်ရှိ လာကြောင်း သတင်းအရ ရဲကင်းစခန်းမှူး(ထူးကုန်း) ရဲအုပ်မျိုးထွန်း နှင့်အဖွဲ့သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ရမည်းသင်းမြို့နယ် ထီးလှိုင်ရွာနေ မဇင်နွယ်ဦး(၁၉နှစ်)တက္ကသိုလ်ဝင်တန်းအောင်ပြီး ၄င်း၏မိဘများက တက္ကသိုလ်ဆက်တက်ရန်ပြောရာ မိဘများနှင့် မခွဲလိုသဖြင့်မတက်လိုကြောင်း ပြောဆိုစကားများပြီး ၄င်းတို့ပိုင် ယာခင်းတဲသို့သွားရောက်ကာ ယာခင်းတဲအတွင်းရှိ Yupa Thion 57 တံဆိပ်ပါပိုးသတ်ဆေးရည်ကိုသောက်၍ ရမည်းသင်းဆေးရုံးသို့ ပို့အပ်စဉ် လမ်း၌သေဆုံးသွားကြောင်းသိရသဖြင့် ရမည်းသင်းမြို့မ ရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၁၈/၂ဝ၁၄ ဖြင့် စစ်ဆေးလျက် ရှိကြောင်းသိရသည်။

ကျော်မင်းသော်
The Union Daily