မားစ်ရောဂါ ကူးစက်မှု ကုလားအုတ်မှဖြစ်ကြောင်း ခိုင်မာသော အထောက်အထားတွေ့ရှိ

ပို့စ်တင်ချိန် - 6/06/2014 12:19:00 PM



ပင်လယ်ကွေ့ ဒေသတွင် အဖြစ်များနေပြီး ဆော်ဒီအာရေဗျ နိုင်ငံတွင် သေဆုံးမှုများ မြင့်တက် စေနေသည့် မားစ်ရောဂါ ဗိုင်းရပ်စ်သည် ကုလားအုတ်များမှ လူသို့ ကူးစက်ခြင်း ဖြစ်ကြောင်း ပထမဆုံး ခိုင်မာသည့် အထောက် အထားကို တွေ့ရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
မားစ်ရောဂါ ပြန့်ပွားမှုတွင် ကုလားအုတ်များမှာ ရောဂါရင်းမြစ် ဖြစ်နိုင်သည်ဟု သံသယများ ဖြစ်ပေါ်နေသည်မှာ ပညာရှင်များ အတွင်း ကြာခဲ့ပြီ ဖြစ်သည်။ နယူးအင်္ဂလန် ဆေးပညာဂျာနယ်တွင် ဖော်ပြခဲ့သည့် ဆောင်းပါး တစ်စောင်တွင် ထိုရောဂါ ဗိုင်းရပ်စ်မှာ ကုလားအုတ်များ နှင့် ၎င်းတို့ကို ပိုင်ဆိုင်သည့် လူများတွင် တွေ့ရကြောင်း ဆိုသည်။

ဆော်ဒီနိုင်ငံ ဂျာဒတ်မြို့မှ ဘုရင်အဗ္ဗဒူ လာဇစ်တက္ကသိုလ်မှ ဆေးပညာရှင်များက ကုလားအုတ် ပိုင်ရှင်တစ်ဦးသည် ၎င်း၏ ကုလားအုတ် ကိုးကောင် သေဆုံးပြီးနောက် သိပ်မကြာခင်မှာပင် မားစ်ဗိုင်းရပ်စ် ကူးစက်ခံခဲ့ ရကြောင်းဆိုသည် ။ ဆေးမှတ်တမ်းများ အရ ၎င်းကုလားအုတ် များကို ၎င်း၏နှာရည်ဖြင့် ထိတွေ့မှုများ ရှိခဲ့ကြောင်း ဆိုသည်။ ပညာရှင်များက ကုလားအုတ်များ နှင့် သေသူပိုင် ရှင်တို့ထံမှ မျိုးဗီဇများမှာ တူညီနေကြောင်း ဆိုသည်။ ထို့ကြောင့် ၎င်းတို့က နာဖျားပြီး မားဗိုင်းရပ်စ် ရှိနေသော ကုလားအုတ်ထံမှ လူသို့ ကူးစက်ခြင်း ဖြစ်ကြောင်း ဆိုသည်။

အရှေ့အလယ်ပိုင်း အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါခေါ် မားစ်ရောဂါမှာ စတင် ပေါ်ပေါက်သည့် ၂၀၁၂ ဇွန်လမှစ၍ သေဆုံးသူ (၂၀၄) ဦးရှိခဲ့ပြီး၊ ယနေ့အထိ ရောဂါဖြစ်မှုပေါင်း(၆၈၁)မှုရှိခဲ့ပြီ ဖြစ်သည်ဟု သိရသည်။

Source: BBC
messengernewsjournal