ဂျက်စတင်ဘီဘာ အရင်လို မပိန်တော့ပါ

ပို့စ်တင်ချိန် - 6/27/2014 01:48:00 PM


တစ်ချိန်တုန်းက ချစ်စဖွယ် Pop star ကလေး တစ်ဦး ကနေ ဂျက်စတင်ဘီဘာ ဟာ ယောင်္ကျားပီးသတဲ့ အသွင်အပြင်ကို ပိုင်ဆိုင်တဲ့ သူ တစ်ယောက် ဖြစ်ကြောင်း သက်သေ ပြလိုက် ပါတယ်။

အသက် ငယ်ရွယ်ခြင်း၊ အသံ အား သေးခြင်း အချက် များကြောင့် ဂျက်စတင် ဘီဘာ ကို မိန်းကလေး တစ်ဦးပမာ သဘောထားလို့ စနောက် လောင်ပြောင်သူ များပြား ခဲ့ပါတယ်။ တစ်ဖက်မှာ သူ့ကို အားပေးသူ များသလို၊ တစ်ဖက်မှာ သူ့ကို အားမပေး ဝေဖန်သူလည်း များပါတယ်။ ဒါကြောင့်မို့ သူဟာ ကလေး တစ်ယောက် မဟုတ်တော့ကြောင်း ယောက်ျား ပီသတဲ့ အမျိုးသား တစ်ဦး ဖြစ်ကြောင်း ပြဖို့ အတွက် ခန္ဓာကိုယ်မှာ ပုံတွင် မြင်ရ သလိုပဲ ဆေး မင်ကြောင် ထိုးထား ပါတယ်။ ဒ့ါအပြင် ပုံမှန် Gym ဆော့ပြီး ခန္ဓာကိုယ် ကြွက်သားများ ကြီးလာတာကိုလည်း တွေ့ရ ပါတယ်။

ယင်း ဓာတ်ပုံ များကို သူ့ရဲ့ Instagram မှာ တင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဂျက်စတင် ဘီဘာ ဟာ ပြီးခဲ့တဲ့ မတ်လက အသက် ၂၀ ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။
.
Ref: Mirror
အောင်ခမ်း (ရိုးရာလေး)