ရထားလမ်းဖောက်လုပ်မှုကြောင့် မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း မှ ပယ်ဖျက်ခံရနိုင်

ပို့စ်တင်ချိန် - 6/06/2014 06:08:00 PM



သူသူထက်လွင် ၊ ရန်ကုန်၊

ရခိုင်ပြည်နယ်တွင်ဖောက် လုပ်မည့်မီးရထားလမ်းသည် မြောက် ဦးယဉ်ကျေးမှုဇုန်နှင့်လွတ်အောင် ဖောက် မှသာ ရှေးဟောင်းအမွေအနှစ်ထိန်း သိမ်းရေးဥပဒေကိုလိုက်နာရာရောက် မည်ဖြစ်ပြီး အချိန်မီမထိန်းသိမ်းနိုင်ပါ က မြောက်ဦးဒေသအား ကမ္ဘာ့အမွေ အနှစ်စာရင်းမှပယ်ဖျက်ခံရနိုင်ကြောင်း သိရသည်။

အဆိုပါမြောက်ဦးဒေသသည် အာရှဒေသယဉ်ကျေးမှုအမွေအနှစ် ထွန်းကားရာ စိုးရိမ်ရဆုံးနေရာ ၁ဝ နေ ရာအနက် ပဉ္စမအဆင့်တွင်ပါဝင်နေ ကာ ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်း ရန်ရည်ရွယ်ထားသောဒေသတစ်ခု လည်းဖြစ်သည်။

''အာရှမှာ အစိုးရိမ်ရဆုံးနေရာ မှာ မြောက်ဦးက ပဉ္စမနေရာမှာပါတယ်။ အမွေအနှစ်တွေကိုမထိန်းသိမ်းဘဲ မီး ရထားလမ်းဖောက်မယ်ဆိုရင် ကမ္ဘာ့ အမွေအနှစ်စာရင်းက ပယ်ဖျက်နိုင်တယ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသနက မြောက်ဦးမှာ ယဉ်ကျေး မှုဇုန် (၁၊ ၂၊ ၃)နဲ့လွဲအောင် ဖောက်ပေး ရမယ်။ အဲဒီလိုဆိုရင် ယဉ်ကျေးမှုထိန်း သိမ်းရာရောက်တယ်။ သူတို့က ဥပဒေ နဲ့ဇုန်တွေသတ်မှတ်ပေးထားတယ်။ ဇုန် ကနေလွတ်တဲ့နေရာမှာ ဖောက်တယ် ဆိုရင် ရှေးဟောင်းသုတေသနဥပဒေ ကိုလိုက်နာရာလဲရောက်တယ်''ဟု မြောက် ဦးမဲဆန္ဒနယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်က ပြော သည်။

ရှေးဟောင်းသုတေသနမှ ထုတ် ပြန်ထားသော ရှေးဟောင်းယဉ်ကျေး မှုအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက် ရေးဥပဒေတွင် ယဉ်ကျေးမှုဇုန်အတွင်း ယဉ်ကျေးမှုအမွေအနှစ်များကိုထိခိုက် စေမည့်အရာများကို ပြုလုပ်သူမည်သူ မဆိုအရေးယူနိုင်ကြောင်း သိ သည်။

''၁၉၉၈ ခုနှစ်ပြဋ္ဌာန်းထားတဲ့ ဥပ ဒေမှာ မည်သူမဆို ဆိုတာပါတယ်။ ယဉ် ကျေးမှုအမွေအနှစ်ကို ထိခိုက်အောင် လုပ်တဲ့သူ မည်သူမဆို တရားစွဲဆို အ ရေးယူနိုင်တယ်။ အရင်ပြဋ္ဌာန်းထားတဲ့ ဥပဒေမှာလို သမ္မတ၊ ညွှန်ချုပ်၊ ဌာန တွေကို ကာကွယ်ပေးထားတာမရှိဘူး''ဟု ရှေးဟောင်းသုတေသနပညာရှင် တစ်ဦးကပြောသည်။

မီးရထားဖောက်လုပ်ခြင်းကြောင့် ယဉ်ကျေးမှုနေရာများ ဆုံးရှုံးခဲ့ရပြီး မြောက်ဦးဒေသခံများ၏ ကန့်ကွက်မှု ကြောင့် လက်ရှိအခြေအနေတွင် မီးရ ထားလမ်းဖောက်လုပ်ခြင်းလုပ်ငန်း များကို ရပ်ဆိုင်းထားသည်။

''မီးရထားလမ်းဖောက်လို့ ယဉ် ကျေးမှုနေရာ ၇ နေရာဆုံးရှုံးခဲ့ရတယ်။ ဆက်ဖောက်ရင် ၂၇ နေရာဆုံးရှုံးမယ်။ အဲဒီတော့ ဒေသခံလူထုက ကန့်ကွက် ကြလို့ရပ်တယ်။ ပြီးတော့ ပြန်လုပ်လို့ လူထုက ထပ်ကန့်ကွက်တယ်။ ရှေးသု က ညွှန်ချုပ်ကလာလေ့လာပြီး အသက် သာဆုံးလမ်းကြောင်းလေးခုကို ရွေး ချယ်ပေးခဲ့တယ်။ အခုတော့ မီးရထား လမ်းဖောက်တာ ရပ်ထားပါတယ်။ မီးရထားလမ်းဆိုတာ ပိုက်ဆံချမ်း သာရင် အချိန်မရွေးဖောက်နိုင် တယ်။ ယဉ်ကျေးမှုအမွေအနှစ်တွေက ပျက်စီးသွားရင် အသစ်ပြန်မဖြစ်တော့ ဘူး။ မီးရထားလမ်းရဲ့တုန်လှုပ်မှုဒဏ် ကြောင့် ကိုးသောင်းပုထိုးပျက်နိုင်တဲ့ အနေအထားဖြစ်ပါတယ်။ ဒီယဉ်ကျေး မှုအမွေအနှစ်တွေက ရခိုင်တိုင်းရင်း သားတွေသာမကဘူး တစ်မျိုးသားလုံး နဲ့ သက်ဆိုင်နေပါတယ်''ဟု ဦးကျော် ကျော်က ဆက်လက်ပြောသည်။

အဆိုပါရထားလမ်းသည် ဒေသ ဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ဖောက်လုပ် ခြင်းဖြစ်ပြီး မြောက်ဦးယဉ်ကျေးမှုဇုန်မှ လွတ်အောင်ဖောက်လုပ်နိုင်ပါက ဒေသ ဖွံ့ဖြိုးတိုးတက်ခြင်းအပြင် ယဉ်ကျေးမှု အမွေအနှစ်များကိုလည်း ထိန်းသိမ်းရာ ရောက်မည်ဖြစ်သည်။

ရခိုင်မြောက်ဦးခေတ်သည် အေ ဒီ ၁၄၃ဝခုနှစ် (အေဒီ၁၄ရာစု)မှ အေဒီ ၁၇၈၄ (အေဒီ၁၇ရာစုထိ)အထိနှင့် ကြာ မြင့်ခဲ့ပြီး ယူနက်စကို၏ ကမ္ဘာ့အမွေ အနှစ်စာရင်းတင်သွင်းရန် စိတ်ဝင်စား ရာဒေသတစ်ခုဖြစ်ကြောင်း ယဉ်ကျေး မှုဝန်ကြီးဌာနမှ သိရသည်။

ရခိုင်မြို့ဟောင်းနှင့်ပတ်သက်၍ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးအေးမြင့်ကြူက ''မြောက် ဦးက သမိုင်းအစဉ်အလာအားဖြင့် မင်း နေပြည်တော်ဖြစ်တယ်။ ယူနက်စကို မှာ ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်း ဖို့ဆိုရင် သမိုင်းအထောက်အထားရှိမှု ထည်ထည်ဝါဝါရှိတဲ့နေရာတွေကိုရွေး ချယ်ပြီး တင်ဖို့ရှိပါတယ်''ဟု သုံးသပ် ထားကြောင်း သိရသည်။



Yangon Media Group