ရွှေတူးဖော်ရာတွင် ရုတ်တရက် မြေပြိုကျသဇြင့် လူနှစ်ဦးမြေပိ၍သေဆုံး

ပို့စ်တင်ချိန် - 6/04/2014 11:36:00 AM


သတင်း၊ ကိုတိုးကြီး
ဗန်းမောက်၊ ဇွန်၂
ရွှေမျှောကျင်းဟောင်းအတွင်း ရွှေတူးဖော်ရာတွင် ရုတ်တရက်မြေပြိုကျသဖြင့် ရွှေရှာသူလူနှစ်ဦး မြေပိ၍ သေဆုံးသွားသည့် သေမှုသေခင်းဖြစ်စဉ်တစ်ရပ်အား မေ ၃၁ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲက စစ်ကိုင်းတိုင်းဒေ သကြီး ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ ပါးပြင်ခန်းကျေးရွာအနီး၌ ဖြစ်ပွားခဲ့ကြောင်း ကသာခရိုင်ရဲတပ်ဖွဲ့ မှူးရုံးမှ သိရသည်။
ရွှေရှာသူလူနှစ်ဦး မြေပိ၍ သေဆုံးသွားသည့်အရပ်သို့ မံစီကြီးနယ်မြေရဲစခန်းမှ ဒုရဲအုပ် ထွန်းလင်းခိုင်နှင့် အဖွဲက သွားရောက်စစ်ဆေးခဲ့ရာတွင် မြေပိ၍ သေဆုံးနေသူများမှာ ကိုသိန်းလွင် အသက်(၃၂)နှစ် ဆိုသူ နှင့် ကိုကြာလွင် အသက်(၂၀)နှစ် ဆိုသူတို့နှစ်ဦးဖြစ်ကြောင်း သိရသည်။ ထိုသူနှစ်ဦးသည် ရွှေမျှောကျင်း ဟောင်းအတွင်းသို့ ရွှေတူးဖော်ရန်ဆင်းသွားစဉ် ရုတ်တရက်မြေများပြိုကျလာပြီး မြေပိ၍သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု ဒုရဲအုပ် ထွန်းလင်းခိုင်နှင့်အဖွဲ့က ခန့်မှန်းထားကြောင်း သိရသည်။
အဆိုပါ မြေပြိုကျသည့်အချိန်တွင် လယ်တဲမှပြန်လာသူ ကိုမောင်ညို ဆိုသူနှင့် ကိုမြင့်ဦးဆိုသူတို့က မြင်တွေ့ လိုက်ရသဖြင့် ဘေးပတ်ဝန်းကျင်သို့ အကူအညီတောင်းခံ၍ မြေပိသူများအား အချိန်မီ ကူညီကယ်ဆယ်ခဲ့ သော်လည်း အသက်မမီခဲ့ကြောင်း ကူညီကယ်ဆယ်ပေးခဲ့သူများထံမှ သိရသည်။
မြေပိ၍ သေဆုံးသူ လူနှစ်ဦးအား မှုခင်းဆေးပညာအရ စစ်ဆေးဆောင်ရွက်နိုင်ရန် မံစီကြီးနယ်မြေရဲစခန်း ကသေမှုသေခင်းအမှတ်စဉ် ၁၃/၂၀၁၄ အရရေးဖွင့်ဆောင်ရွက်လျက်ရှိကြောင်း ဗန်းမောက်မြို့နယ်ရဲတပ် ဖွဲ့မှူးရုံးမှ သိရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သေမှုသေခင်းဆိုင်ရာ လူသေဆုံးမှုများ၊ ယခုနှစ် ပထမလေးလပတ်အတွင်း များပြားလာလျက်ရှိရာ ဟုမ္မလင်းမြို့နယ် မိုင်းကိုင်းနယ်မြေရဲစခန်းတွင်(၁၉)မှု၊ မုံရွာမြို့မရဲစခန်းတွင်(၁၄)မှု၊ စစ်ကိုင်းမြို့မရဲစခန်းတွင်(၁၂)မှု၊ ထီးချိုင့်မြို့မရဲစခန်းတွင်(၇)မှု၊ ကောလင်းမြို့မရဲစခန်းတွင်(၈)မှု၊ ဗန်း မောက်မြို့နယ်၊ မံစီကြီးနယ်မြေရဲစခန်းတွင်(၁၃)မှု၊ မင်းကင်းမြို့မရဲစခန်းတွင်(၅)မှု၊ ၀န်းသိုမြို့မရဲစခန်းတွင်( ၈)မှု၊ ပင်လယ်ဘူးမြို့မရဲစခန်းတွင်(၈)မှု တန့်ဆည်မြို့မရဲစခန်းတွင်(၂)မှု၊ကန့်ဘလူမြို့မရဲစခန်းတွင်(၆)မှု စသဖြင့် သေမှုသေခင်းဆိုင်ရာ လူသေဆုံးမှုများရရှိခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ လေ့လာသိ ရှိခဲ့ရသည်။

ကိုတိုး ချင်းတွင်း