ခြေကျင်းဝတ်လည်သွားသောကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဘူဖွန်လွဲချော်ဖွယ်ရှိ

ပို့စ်တင်ချိန် - 6/16/2014 05:48:00 AM


ဘရာဇီး၊ ဇွန် ၁၅
လေ့ကျင့်ခန်းအစီအစဉ်တွင် ခြေကျင်းဝတ်လည်သွားခဲ့သော် အီတလီအသင်းခေါင်းဆောင် ဘူဖွန်သည် လက်ကျန်ကမ္ဘာ့ဖလားပွဲစဉ်အားလုံးကို လွဲချော်ရဖွယ်ရှိနေသည်ဟု ဒေးလီးမေးလ်သတင်းစာကဖော်ပြခဲ့သည်။
အသက် ၃၆ နှစ်အရွယ်ရှိ ၀ါရင့်ဂိုးသမားဘူဖွန်သည် အင်္ဂလန်နှင့်ကစားခဲ့သည့် အုပ်စုအဖွင့်ပွဲစဉ်ကို လည်း လွဲချော်ခဲ့ရပြီး အုပ်စု ဒုတိယမြောက် ပွဲစဉ်ဖြစ်သော ကော်စတာရီကာနှင့် ပွဲကိုပါ ဆက်လက်လွဲချော်ရ ဖွယ်ရှိနေသည်။ အီတလီအသင်းဂိုးပေါက်ပို ပီအက်စ်ဂျီဂိုးသမား ဆီရီဂူက တာဝန်ယူနေပြီး ဘူဖွန်မှာ ဇွန် ၂၄ တွင် ဥရုဂွေးနှင့်ကစာမည့် အုပ်စု D နေညက်ဆုံးပွဲစဉ်အမီ ပြန်လည်ကြံ့ခိုင်ရန် ကြိုးပမ်းနေသည်။
အသက် ၂၇ နှစ်အရွယ်ရှိ ဆီရီဂူသည်လည်း နံရိုးဒဏ်ရာ ရှိခဲ့သော်လည်း အင်္ဂလန်နှင့်ပွဲကစားမည့် နံနက်ခင်းတွင် ပြန်လည်သက်သာလာခြင်းဖြစ်သည်။ ဘူဖွန်သည် သောကြာညနေက ပြုလုပ်သောလေ့ကျင့်ခန်း အစီအစဉ်တွင် တည်ကန်ဘောကန်တင်ရန် ကြိုးစားရာမှ ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။ ခြေကျင်းဝတ်လည်ခြင်းမှာ အဓိက ဒဏ်ရာဖြစ်သော်လည်း ၎င်းတွင် ဘယ်ဘက်ခြေထောက်ဒဏ်ရာနှင့် ပေါင်ဒဏ်ရာပြဿနာလည်း ရှိနေသည်။
အီတလီအသင်း၏ တတိယဦးစားပေး ဂိုးသမား ပါရင်သည် အသက် ၂၁ နှစ်အရွယ်သာရှိသေးပြီး ဖလူမင်နီးစ်နှင့် ခြေစမ်းပွဲတွင် သုံးဂိုးပေးရသောကြောင့် ဘရာဇီးမီဒီယာများ၏ ဝေဖန်ခြင်းခံနေရသူဖြစ်သည်။ ဘူဖွန်သည် အီတလီလက်ရွေးစင်အသင်းအတွက် ပွဲအများဆုံးကစားထားသူဖြစ်ပြီး လွန်ခဲ့သည့် ၁၅ နှစ်နီးပါး ကတည်းက ဦးစားပေးဂိုးသမားအဖြစ် ကစားနေခဲ့ကာ ၂၀၀၆ ကမ္ဘာ့ဖလား ရရှိထားသည်။
ရည်ညွှန်း ဒေးလီးမေးလ်

mizzima sport news