အလည်ဗီဇာဖြင့် ထိုင်းသို့အပို့ခံခဲ့ရသည့် ချင်းတိုင်းရင်းသား၅ဦးအား ပွဲစားတစ်ဦးကထပ်လိမ်

ပို့စ်တင်ချိန် - 6/14/2014 10:26:00 AM







ပြည်ပအလုပ်အကိုင် ရှာဖွေရေး မြန်မာအေဂျင်စီတစ်ခုက အလည် ဗီဇာဖြင့် ထိုင်းနိုင်
ငံသို့ ပို့ဆောင်ခဲ့ သည့် ချင်းတိုင်းရင်းသား၅ဦးတို့အား ပွဲစားတစ်ဦးက ထပ်မံအလိမ်
ခံနေရ သဖြင့် MAT အဖွဲ့က ကူညီပေးလိုက် ရကြောင်း သိရသည်။

မကွေတိုင်း၊ အောင်လံမြို့နယ်၊ ကန်စွန်းအင်းကျေးရွာမှ အသက် ၂၅နှစ် အရွယ်ကြည်ခိုင်၊ မျိုးအောင်၁၉နှစ်၊ မိုးသက်အောင် ၁၈နှစ်၊ မအေးသန်း ၂၂နှစ် နှင့် အသက်၂၀အရွယ် မနာဒါစိန် တို့ဖြစ်ကြသည်။ ၎င်းတို့သည်………. အေဂျင်စီအား ကျပ်ငွေငါးသိန်းပေးခဲ့ရပြီး မတ် လ၂၈ ရက်နေ့က မြ၀တီ မဲဆောက်လမ်းမှ ၀င်ရောက်လာခဲ့ကြသူများ ဖြစ်ကြသည်။
ထိုင်းနိုင်ငံ ဆာလူရီနယ်တွင်ရှိသော ၀ါဂွမ်းအလုပ်ရုံတွင် နှစ်လကျော် အလုပ်လုပ်ကိုင်ခဲ့ကြရသည်။ ဗီဇာသက်တမ်းကုန်ဆုံးသွားပြီဖြစ်သဖြင့် အလုပ် ရုံမှ လက်မခံတော့ပေ။ ထို့ကြောင့် ပွဲစားတစ်ဦးအား အလုပ်သစ်ရှာပေးခနှင့် ခရီးစရိတ်အဖြစ် ဘတ်ငွေ ၁၄,၀၀၀ ပေးခဲ့ရသည်။ ထိုပွဲစားက နကပထုန်တွင် ရှိသော အခန်းတစ်ခန်းတွင် လာရောက်ပစ်ထားခဲ့သဖြင့် ဘန်ကောက် အခြေ စိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့MAT သို့ ဆက်သွယ် အကူညီ တောင်းခံခဲ့သည်။

MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က “၂၀၁၁ ခုနော က်ပိုင်းကစပြီး ထိုင်းနိုင်ငံအတွင်း မှာ အလုပ်သမား အရေး လုပ်ရတာ ပိုမိုရှုပ်ထွေးလာပါ တယ်။ ဘာကြောင့်လဲဆို တောအယင် တုန်းက တရား ၀င် ပန်းရောင် ကဒ် နဲ့နေတဲ့ အလုပ်သမားနဲ့ တရားမ၀င် အလုပ် သမား ၂မျိုးပဲရှိတယ်။ ဖြေရှင်းရတာ ရှင်းလင်း လွယ်ကူတယ်။ ထိုင်းအစိုးရဘက်က လုံးဝခေါင်းပုံဖြတ်တဲ့အစီအစဉ်တွေမရှိေ သးဘူး။

ဒီနောက်ပိုင်းမှာ ကုမ္ပဏီတွေ နဲ့ပူးပေါင်းပြီးတော့ အနီးပတ်စပို့၊ ခရမ်းရောင်ပတ် စပို့ဆိုတာဖြစ်လာတယ်။ MOU ဆိုတာ ပေါ်လာတယ်။ ခု အလည် ဗီဇာနဲ့ မြန် မာအလုပ်သမားတွေကို ပို့နေကြပြန်ပြီ။
အလုပ်သမားဝန်ကြီးဌာန ကို ကျနော် တို့ အချက် အလက်တွေ နဲ့ တင်ပြထားဖူးပါတယ်။ အေဂျင်စီပွဲစားတွေနဲ့ အလုပ် သမားအာဏာပိုင်တွေ နဲ့ ပေါင်းစားနေကြတာ ကျနော်တို့ ဘာမှမတတ်နိုင်ဘူး။ ခေတ်ပျက်ကြီးမှာ ရတဲ့ နည်းနဲ့စီးပွား ရှာနေကြတာ။
ရန်ကုန်မြို့ ရန်ကင်စင် တာနားက နိုင်ငံကူးလက် မှတ် ထုတ်ပေးရေးရုံးမှာ ထောင်ချီတဲ့မြန်မာတွေပတ်စပို့ ထုတ်နေကြတယ်။ ဒီနည်းလမ်းနဲ့ လူကုန်ကူး နေကြတာပဲ” ဟုပြောသည်။

MAT အဖွဲ့က ဒုတိယအကြိမ်အလိမ်ခံနေရသည့် အလုပ်သမား ၅ဦး တို့အား စားစရိတ်အနည်းငယ် ကူညီပေးခဲ့ပြီး အလုပ်အကိုင်တစ်ခု ရရှိရေး အတွက် အဆင်သင့်ဆက်သွယ်ထားကြောင်း သိရှိရသည်။
မြန်မာအလုပ်သမားဝန်ကြီးဌာနနှင့် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေ ဂျင်စီများအဖွဲ့ချုပ်ကမူ တရားဝင် အလုပ်သမားတင်ပို့ခြင်းဖြင့် လူကုန်ကူးကို လျှော့နည်းစေသည်ဟုသတင်းစာများတွင်ပြောသည်။

 ဟောင်ကောင် နိုင်ငံသို့ ပထမအသုတ်တင်ပို့ထားသည့် အိမ်ဖေါ်မြန်မာအလုပ်သမားများက အလုပ်အ ဆင် မပြေသဖြင့် ပြန်လာလိုကြောင်း မိဘများသို့ ဆက်သွယ်နေသော်လည်း သက်ဆိုင်သူများက ပြန်လည် မခေါ်နိုင်သေးကြောင်း၊ အလုပ်သမအချို့တိုက် ပေါ်မှ ခုန်ချ၍ မိမိကိုယ် သေကြောင်းကြံမည်ကိုပင်လျှင် စိုးရိမ်နေရကြောင်း ဟောင်ကောင်အလုပ်သမားမိခင်တစ်ဦးက MATအဖွဲ့သို့ပြောသည်။


အမည်မဖေါ်လိုသော အေဂျင်စီ ဒါရိုက်တာ တစ်ဦး“ မြန်မာလူငယ်ေ တွကို ပြည်ပပို့ကုန်အဖြစ် မြင်နေကြ သလို ဒီအလုပ်သမားထုကြီး ဆီက ဘယ်လိုအကျိုးအမြတ်ယူမလဲဆို တာ ကိုပဲ မြန်မာနဲ့ထိုင်းအစိုးရတို့ စဉ်စားနေကြပုံပဲ။ MOU နဲ့လာတဲ့ အလုပ်သမားတချို့ ထိုင်းထောင်ထဲ မှာရှိနေတယ်။

 မသိချင်ယောင် ဆောင်နေကြတယ်။ အလုပ်မရှိပဲ လူတွေပို့နေ ကြတယ်။ ကျနော်သိနေတာပဲ။ စားလည်းစားကြ လုပ်လည်းလုပ်ကြရင်ေ ကာင်းမယ်။ ခုတော့အကုန်ဂွင်ဖန်နေကြတယ်” ဟုပြောသည်။


ရွှေလုပ်သား