ဂေါ့ဖ်လောကကို သိမ်းပိုက်စိုးမိုးနေတဲ့ ၁၁ နှစ်အရွယ် ကောင်မလေး

ပို့စ်တင်ချိန် - 6/22/2014 07:45:00 AM



အသက် ၁၁ နှစ်အရွယ် Lucy Li ဆိုတဲ့ ကောင်မလေးဟာ သူ့ ထက် အသက် နှစ်ဆ လောက်ကြီးတဲ့ အမျိုးသမီးတွေနဲ့ အတူ မြောက်ကယ်ရိုလိုင်းနားပြည်နယ်၊ Pinehurst ရွာမှာပြုလုပ်တဲ့ U.S Women’s Open ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိပါတယ်။ ခြောက်တန်းကျောင်းသူလေး ဟာ ဆန်ဖရန်စစ္စကို Half Moon Bay ပြိုင်ပွဲမှာ အနိုင်ရပြီးနောက် U.S Women’s Open ကို ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့ အသက်အငယ်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

အသက် ၇ နှစ်အရွယ်မှာ သူမအကို အထက်တန်းကျောင်းအသင်းအတွက် ကစားနေတာကို ကြည့်ပြီးနောက် ဂေါ့ဖ်ကစားနည်းကို စတင်ခဲ့တာပါ။ အရပ် ၅ ပေ ၃ လက်မနဲ့ ဂေါ့ဖ်ဘောလုံးကို ဘောလုံးကွင်း ၂ ကွင်းစာ ရှိတဲ့ ၂၃၀ ကိုက်အကွာအဝေးထိ ရိုက်နိုင်ပါတယ်။ အသက် ၁၀ နှစ်အရွယ်တုန်းကလည်း Li ဟာ U.S Women’s Amateur ပြိုင်ပွဲ ကို ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ အသက် အငယ်ဆုံးကစားသမား ဖြစ်ခဲ့ပြီး ဂေါ့ဖ်ပါရမီရှင်လေး တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

“ ကျွန်မ ရလဒ်တွေကို ဂရုမစိုက်ပါဘူး။ ပျော်ပျော်ရွှင်ရွှင်နဲ့ သင်ယူချင်ပါတယ်။ ဒီ ကြီးကျယ်အောင်မြင်တဲ့ ကစားသမားကြီးတွေဆီက ကျွန်မ အများကြီးသင်ယူချင်ပါတယ်။” လို့ Pinehurst မှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ Li က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

Ref: cosmopolitan.com

Trend Myanmar