တိုက်ခန်းတွင် တစ်ဦးတည်းနေထိုင်သူ အမျိုးသမီးတစ်ဦး သေဆုံးလျက်တွေ့ရှိ

ပို့စ်တင်ချိန် - 6/07/2014 11:26:00 AM


ရန်ကုန်၊ ဇွန် ၆

၆.၆.၂၀၁၄ ရက်နေ့ ၁၁၁၅ အချိန်တွင် လမ်းမတော်မြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် လမ်းမတော်မြို့နယ်၊ (၁၁)ရပ်ကွက်၊ လမ်းသစ်
ရိပ်သာတွင် အပုပ်နံ့ရကြောင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ ၎င်းရိပ်သာရှိ တိုက်ခန်းတွင်နေထိုင်သော ဒေါ်ကျင်မြ၊ (၇၄)နှစ်အား
ပြင်ပဒဏ်ရာမရှိဘဲ အိပ်ယာပေါ်တွင် ပက်လက်အနေအထားဖြင့်
သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။

၎င်းသည် အဆိုပါတိုက်ခန်းတွင်တစ်ဦးတည်းနေထိုင်သူဖြစ်ပြီး
သွေးတိုးရောဂါရှိသူတစ်ဦးဖြစ်ကြောင်း စုံစမ်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ လမ်းမတော်မြို့မရဲစခန်း
သေမှုသေခင်းအမှတ်စဉ် (၁၁/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police