လှော်ကားဘူတာဈေးအနီးတွင် အမျိုးသားတစ်ဦးရိုက်နှက်ခံရ သဖြင့် သေဆုံး

ပို့စ်တင်ချိန် - 6/14/2014 09:14:00 PM


ရန်ကုန်၊ ဇွန် ၁၄

၁၃.၆.၂၀၁၄ ရက်နေ့ ၂၃၃၀ အချိန် ရွှေပြည်သာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ရွှေပြည်သာမြို့နယ်၊ (တ/၁၅)ရပ်ကွက်၊
လှော်ကားဘူတာဈေးအနီး မြို့ပတ်လမ်းဘေးတွင် အမျိုးသား
တစ်ဦးမှာ ရိုက်နှက်ခံရ ကြောင်း သတင်းအရသွားရောက်စစ်ဆေး
ခဲ့ပါသည်။

ထိုသို့သွားရောက်စစ်ဆေးခဲ့ရာ မြို့ပတ်လမ်းနှင့်ကိုက်(၅၀)ခန့်
အကွာရှိ ရေကန်ဘောင်ပေါ်တွင် အသက်(၃၀)နှစ်ခန့်ရှိ အမည်မသိ
အမျိုးသားတစ်ဦးမှာ ဦးခေါင်းယာဘက်ပေါက်ပြဲ၊ ၀ဲမျက်ခမ်းပေါက်ပြဲ
ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူအား အမျိုးသား(၂)ဦးမှ ၀ိုင်းဝန်း
ရိုက်နှက်ခဲ့ကြပြီး အနီးရှိ ရေကန်ဘောင် ပေါ်သို့တွဲခေါ်သွားကာ ပစ်ချထားခဲ့ကြောင်းသိရှိရသဖြင့် ဆက်လက်စုံစမ်းဖော်ထုတ်ခဲ့ရာ
ရိုက်နှက်သူ အမျိုးသား(၂)ဦးမှာရွှေပြည်သာမြို့နယ်နေသူများဖြစ်သည့်
ကျော်နိုင်ညွန့်(ဘ)ဦးမောင်ညွန့်နှင့် ကျားကြီး (ဘ)ဦးသန်းဝင်းတို့
ဖြစ်ကြောင်းသိရှိရပါသည်။

၎င်းအမျိုးသားသေဆုံးမှုနှင့်ပတ်သက်၍ ရွှေပြည်သာမြို့နယ်၊ လှော်ကား
နယ်မြေရဲစခန်း (ပ)၁၆၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်လှစ်
ကာ ပြစ်မှုကျူးလွန်သူ ကျော်နိုင်ညွန့်နှင့် ကျားကြီးတို့(၂)ဦးကို ဖမ်းဆီး
ရမိရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police