တစ်ကိုယ်ရေကျန်းမာသန့်ရှင်းရေးဆိုင်ရာ အကြံပြုချက်များ

ပို့စ်တင်ချိန် - 6/10/2014 06:50:00 PM



အောက်ပါ တစ်ကိုယ်ရည်ကျန်းမာသန့်ရှင်းရေးဆိုင်ရာ အကြံပြုချက်များက ပျိုမေတို့ကို သန့်ရှင်းသပ်ရပ်မှုနဲ့ ပျော်ရွှင်မှုများကိုပါ ပေးစွမ်းနိုင်မှာပါ။ တစ်ကိုယ်ရည်ကျန်းမာသန့်ရှင်းရေးဆိုင်ရာ အခြေခံအချက်များကို နေ့စဉ်ကျင့်သုံးခြင်းဖြင့် မိမိကိုယ်တိုင်အနေဖြင့်ရော၊ လူမှုဆက်ဆံရေးဝန်းကျင် အသိုင်းအဝန်းမှာပါ အကောင်းဆုံးရလဒ်များကို ရရှိနိုင်ပါလိမ့်မယ်။



(၁) နေ့စဉ်ပုံမှန်ရေချိုးပါ။
ပင်ပန်းနွမ်းနယ်နေသည့် အချိန်ပဲဖြစ်ဖြစ်၊ ညစ်ပတ်ပေကျံနေသည့် အခါပဲဖြစ်ဖြစ် ပုံမှန်ရေချိုးပေးဖို့ လိုအပ်ပါတယ်။ နံနက်တိုင်းနဲ့ အားကစားပြုလုပ်ပြီးသည့်အခါများမှာ ရေချိုးပေးရပါမယ်။ မိမိကိုယ်မှ အနံ့အသက်များကို ကိုယ်ကိုယ်တိုင်မရနိုင်ပေမယ့်လည်း အခြားသူများက ရရှိနိုင်သောကြောင့်ပါ။

(၂) အမွှေးအကြိုင်များကို အကန့်အသတ်ဖြင့်သာသုံးပါ။
အကယ်၍ အမွှေးနံ့ပါသောဆပ်ပြာ သို့မဟုတ် ခေါင်းလျှော်ရည်များကို သုံးစွဲလျှင် ချက်ချင်း အမွှေးနံ့များကို အလွယ်တကူ ရရှိနိုင်ပါတယ်။ မိမိနှင့်လိုက်ဖက်တဲ့မွှေးရနံ့တစ်ခု ဒါမှမဟုတ် နှစ်ခုကိုသာရွေးချယ် သုံးစွဲသင့်ပါတယ်။ လူအများစုက အမွှေးအကြိုင်နှင့်ပတ်သက်၍ ခံစားသိရှိလွယ်ကူကြပြီး ပြင်းသောမွှေးရနံ့များက တခြားသူများအား မနှစ်မြို့စေဘဲ စွဲဆောင်မှုလည်းမရှိပါဘူး။

(၃) သန့်ရှင်းသောအဝတ်အစားများကိုသာ ရွေးချယ်ဝတ်ဆင်ပါ။
အကြိမ်အနည်းငယ် ထပ်ခါထပ်ခါ ဝတ်ထားသော အဝတ်အစားများကို သေချာလျှော်ဖွတ်ပါ။ တစ်နေကုန် ချွေးပြန်ထားပြီး ချွေးနံ့များထွက်နေသော အဝတ်အစားတို့ကို တစ်ကြိမ်သာ ဝတ်၍လျှော်ဖွတ်ပါ။ အခြောက်ခံစက်ဖြင့် အခြောက်ခံထားသော သို့မဟုတ် မီးပူတိုက်ထားသော အဝတ်အစားများကို ချက်ချင်းချိတ်ဖြင့် ချိတ်၍ထားပါ။



(၄) တစ်နေ့သုံးကြိမ်သွားတိုက်ပါ။
သွားနဲ့ခံတွင်း ကျန်းမာရေးနဲ့ ခံတွင်းရနံ့မွှေးပျံ့စေခြင်းတို့အတွက် သင်၏သွားများကို တစ်နေ့သုံးကြိမ် တိုက်ပေးပါ။ သွားသန့်ရှင်းရေး ပြုလုပ်သည့်ကြိုးဖြင့် နေ့စဉ်သန့်ရှင်းရေးပြုလုပ်ပြီး သင့်လျှာကိုလည်း သန့်ရှင်းရေးပြုလုပ်ပါက အနံ့ဆိုးများနှင့် ဘက်တီးရီးယားပိုးများပေါက်ပွားခြင်းမှ ကာကွယ်ပေးနိုင်ပါသည်။ ခံတွင်းရနံ့မွှေးပျံ့စေဖို့အတွက် ငုံဆေးကိုလည်း ဆောင်ထားပါ။ မကြာသေးမီက ကော်ဖီသောက်ထားခဲ့လျှင် သို့မဟုတ် နှစ်မြို့ဖွယ်မကောင်းသော ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အနံ့ပြင်းသော ဒိန်ခဲ သို့မဟုတ် ဟင်းခတ်အမွှေးအကြိုင်များ ခတ်ထားသော အစားအစာများစားသုံးထားပါက လူအများနှင့်စကားမပြောခင် သွားတိုက်ခြင်း သို့မဟုတ် ငုံဆေးပြားကိုအသုံးပြုပါ။

(၅) လက်သည်းခြေသည်းများကို သန့်သန့်ရှင်းရှင်းသပ်သပ်ရပ်ရပ်ထားပါ။
နေ့စဉ် လက်သည်းအောက်ဖက်မှ အညစ်အကြေးများကိုဖယ်ရှား၍ လက်ကို သေသေချာချာဆေးပါ။ လက်သည်းများကို ညီညီညာညာထားရှိပြီး လက်သည်းအပိုင်းအစများကိုလည်း စနစ်တကျလွှင့်ပစ်ပါ။

(၆) မညီညာသော အမွှေးအမှင်များကို နုတ်ပါ သို့မဟုတ် ညှပ်ပါ။
နှာခေါင်းထဲ၊ နားထဲ၊ မျက်ခုံး၊ မေးစေ့နှင့် နှုတ်ခမ်းအပေါ်ဘက် ကဲ့သို့နေရာများတွင် မရှိသင့်သည့် အမွှေးအမှင်တို့ကို အမျိုးသားရော အမျိုးသမီးတွေပါ သတိထားဖို့လိုအပ်ပါသည်။ အမျိုးသားများ အသက်အရွယ်ရလာသောအခါ နား၊ နှာခေါင်းထဲရှိ မညီညာသော၊ ကောက်ကွေ့သော အမွှေးများနှင့် မျက်ခုံးမွှေးများကို ညှပ်ခြင်း သို့မဟုတ် နုတ်ခြင်းတို့ပြုလုပ်ရန် လိုအပ်သကဲ့သို့ အမျိုးသမီးများလည်း ဖယောင်းဖြင့်နှုတ်ခမ်းအထက်ပိုင်းရှိ မလိုအပ်သောအမွှေးများကို နုတ်ပယ်ပြီး အကယ်၍အမွှေးအမှင်များသည် ရှည်လာပြီး၊ မြင်မကောင်း၍ အရုပ်ဆိုးပြီးမညီမညာဖြစ်လာပါက နုတ်ခြင်း သို့မဟုတ် ညှပ်ခြင်းတို့ပြုလုပ်ပါ။



(၇) ဝက်ခြံများထွက်ခြင်းမှ ကာကွယ်ပါ။
သင့်တွင် ဝက်ခြံများရှိလျှင် ဝက်ခြံကိုကြိုတင်ကာကွယ် ကုသပေးနိုင်လောက်သော ဝက်ခြံများ ပျောက်ကင်းသည့် မျက်နှာသစ်ဆေးများ သုံးသင့်ပါသည်။

(၈) ခြေထောက်မှ အနံ့အသက်များထွက်ခြင်းမှ ကြိုတင်ကာကွယ်ပါ။
ရှူးဖိနပ်အတွင်းသို့ ကလေးပေါင်ဒါမှုန့်ထည့်ခြင်း၊ ဖိနပ်ကိုပေါင်ဒါမှုန့်ဖြင့် တိုက်ခြင်း သို့မဟုတ် ထိုင်နေစဉ်ကာလများတွင် ဖိနပ်ကို ခေတ္တချွတ်၍ လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ပေးခြင်းဖြင့် အနံ့အသက်ဆိုးများကို ကာကွယ်နိုင်ပါသည်။ အထူးသဖြင့် အားကစားလှုပ်ရှားမှုများ ပြုလုပ်ပြီးချိန်တွင် ခြေအိတ်များကို မကြာခဏလဲလှယ်ပါ။

(၉) အဆီပြန်သောအသားအရေကို ခြောက်သွေ့အောင် ပြုလုပ်ပါ။
အဆီစုပ်စက္ကူများပါသော အထုပ်တစ်ထုပ်ကိုဝယ်ယူပြီး တစ်နေကုန်ထွက်သော အဆီများကို ၎င်းစက္ကူများကို အသုံးပြု၍ စုပ်ယူပါ။

Shwe beauty
Myanma Spectrum