အကြမ်းဖက်မှု တိုက်ဖျက်ရေး တရုတ်ရဲများ လေ့ကျင့်

ပို့စ်တင်ချိန် - 6/10/2014 06:48:00 PM


တရုတ်ရဲတွေ၊ မီးသတ်သမားတွေနဲ့ ဆေးဘက်လုပ်သားတွေ ပူးပေါင်းပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး လေ့ကျင့်မှုတရပ်ကို နိုင်ငံရဲ့ အနောက်စွန်းပိုင်း ရှင်းကျန်းေ၀၀ါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ပြီးခဲ့တဲ့ ဇွန် ၉ ရက်နေ့က လေ့ကျင့်ခဲ့ပါတယ်။

ဒီလေ့ကျင့်မှုကို တျန်ရှန်း၂၀၁၄ လို့ နာမည်ပေးထားပြီး ဓားနဲ့တိုက်ခိုက်မှု၊ ကားနဲ့တိုက်မှု၊ ဖောက်ခွဲမှုနဲ့ မီးရှို့မှုတွေ ပါဝင်ပါတယ်။

ပြန်ပေးဆွဲမှု အပါအ၀င် တချိန်တည်းမှာ ရာဇ၀တ်မှုပေါင်းစုံဖြစ်တဲ့ ပုံစံကို စမ်းသပ် လေ့ကျင့်တာ လည်း ဖြစ်ပါတယ်။

လေ့ကျင့်မှုအတွင်း ရိုင်ဖယ်သေနတ်မျိုးစုံနဲ့ ချုံခိုတိုက်မှု၊ ဆက်သွယ်ရေးနဲ့ ဆေးဘက်စောင့်ရှောက်မှုဆိုင်ရာ ကားအမျိုးမျိုးအပါအ၀င် အဆင့်မြင့် ပစ္စည်းကိရိယာတွေလည်း သုံးထားပါတယ်။  ဒီလေ့ကျင့်မှုအတွင်း လူအယောက် ၈၀၀ ကျော် ပါဝင်ပါတယ်။

ဒီနှစ်အတွင်း ရှင်းကျန်းဒေသမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး လေ့ကျင့်မှု ၅၁ ကြိမ် လုပ်ခဲ့ပြီး နောက်ထပ်လည်း ဆက်လုပ်သွားဦးမယ်လို့ စီစဉ်သူတွေက ပြောပါတယ်။


DVB Burmese