ထူးခြားတဲ့ အ၀တ်အစား အပြင်အဆင်တွေနဲ့ နယူးယောက်မြို့၊ ကိုနီကျွန်းက ရေသူမပွဲတော်

ပို့စ်တင်ချိန် - 6/26/2014 04:34:00 AM


၁၉၈၃ခုနှစ်ကတည်း အမေရိကန်နိုင်ငံ၊နယူးယောက်မြို့မှာကျင်းပမြဲဖြစ်တဲ့ နွေဦးရာသီ ရေသူမ ရေသူထီး ပွဲတော်ကို ယခုနှစ်မှာလည်း ပါဝင်ဆင်နွှဲခဲ့ကြတဲ့ လူပေါင်းများစွာရှိနေ ခဲ့တယ်လို့သိရပါတယ်။


ကိုနီကျွန်းရဲ့ ၁၉၀၃- ၁၉၅၄ ခုနှစ်အကြားမှာ နှစ်စဉ်ကျင်းပလာတဲ့ ပွဲတော်အတိုင်း ကျင်းပတာဖြစ်ပြီး ပါဝင်ဆင်နွှဲတဲ့ ယောက်ျား၊ မိန်းမ၊ လူကြီး၊ကလေး တွေအားလုံး ရေသူမ၊ ရေသူထီးနဲ့ပုံစံတူ အလန်းဆုံး ဒီဇိုင်းအပြင် အဆင်တွေပြုလုပ်ရမှာဖြစ်ပါတယ်။ အဲ့ဒီလူအားလုံးကို ကြည့်လိုက်ရင် သူ့ရဲ့ဝတ်စား ဆင်မှုအပြင်အဆင်တွေက ဟင်ကနဲဖြစ်သွားစေမှာပါ။

မျက်နှာအပါအ၀င်လူတစ်ကိုယ်လုံးမှာ ကို့ရိုကားယားနိုင်တဲ့ ရေသူမအ၀တ်အစားတွေ၊ ရေသူထီးအ၀တ်အစား၊ ပင်လယ်နေတိရစ္ဆာန်တွေရဲ့ အ၀တ်အစား၊ အခတ်အလတ်၊ အချိတ်အကောက်၊ ဆံပင်အတုစွပ်ရောင်စုံ၊ ဦးခေါင်းဆောင်းတွေ၊ ကိုယ်လုံးတီးပုံစံမှာ ကိုယ်ခန္ဓာကို မိတ်ကပ်ရောင်စုံတွေခြယ်သကြပြီး အဲ့ဒီကျွန်းကမ်းခြေတစ်လျှာက်ကို ဦးတည်ကာ အလှပြလျှောက်သွားကြတာပဲဖြစ်ပါတယ်။


ယခုနှစ်ရဲ့ ဒီ ပွဲတော်မှာလည်း မြို့တော်ဝန်ဖြစ်တဲ့ ဘေလ်ဒီဘလက်စီရိုက သူ့ရဲ့ ဇနီး သည် ချယ်လိန်းအမ်စီကရေးနဲ့ ကလေးနှစ်ယောက်တို့အတူ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ သူတို့ရဲ့ ကလေးနှစ်ယောက်ကို အဲ့ဒီပွဲတော်ရဲ့ ရေသူထီး ဘုရင်နဲ့ ရေသူမ ဘုရင်မ အဖြစ် သတ်မှတ်ခဲ့ခြင်းခံခဲ့ရပါတယ်။



World-Myanmar