ကိုယ်နဲ အောင်မြင်မှုချင်းတူ လှပမှုချင်း တူသူများကို အိမ်ထောင်ဖက်အဖြစ် အများဆုံး ရွေးချယ်ဖြစ်ကြသည်ဟု ဆို

ပို့စ်တင်ချိန် - 6/25/2014 04:09:00 PM


ဆုမြတ်

နယူးယောက် ၊ ဇွန် ၂၀

ချောမောလှပသည့် မိန်းမပျို တစ်ယောက်က အသက်ကြီးကြီး အမျိုးသားတစ်ယောက်နှင့် လက်တွဲ သွားပါက မိန်းကလေးက ငွေမက်လို့ သို့မဟုတ် အမျိုးသားဘက်က မိန်းကလေး၏ ရုပ်ရည်ကို စွဲလမ်းသောကြောင့်ဟု အများအားဖြင့် ကောက်ချက် ချကြသည်။

ဖိုမကိစ္စတွင် လက်တွဲဖော်၏ ထူးခြားသည့် အရည်အချင်းက ရုပ်ဆင်းသွင်ပြင် နှင့် ၀င်ငွေထက် ပိုအဆုံးအဖြတ် ပေးသည်ဟု ပညာရှင်များက ဆိုသည်။ အသက်ကြီးသော အမျိုးသားသည် ငယ်ရွယ်ချောမောသည့် ဇနီးမယားကို လိုချင်သည့် ပုံသေကားကျ  သဘောထားမှာ စိတ်ကူးယဉ် သက်သက်သာဖြစ်သည် ဟု သိပ္ပံပညာရှင်များက ဆိုသည်။

ငယ်ရွယ် ချောမောသည့် ဇနီးမယားကောင်းများ နှင့် လက်တွဲကာ အဆင်ပြေနေကြသည့် စုံတွဲများကို လေ့လာကြည့်ရာ လက်တွေ့တွင် ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှု တစ်မျိုးတည်းကြောင့်သာ မဟုတ်ဘဲနှင့် လူမှုစီးပွားရေး အခြေအနေတို့ ကြောင့်လည်း အတွဲညီနေခြင်း ဖြစ်ကြောင်း လေ့လာတွေ့ရှိခဲ့ရသည်။

ချစ်သူ စုံတွဲများအကြား တူညီမှုများကို လေ့လာရာတွင် ရုပ်ဖြောင့်သည့် အမျိုးသားများသည် လှပသည့် အမျိုးသမီးများနှင့် လက်တွဲဖြစ်ပြီး အောင်မြင်သည့် အမျိုးသားများသည် အောင်မြင်သည့် အမျိုးသမီးများနှင့် လက်တွဲဖြစ်သည်ကို တွေ့ရကြောင်း က၊ွမ်းကျင်သူတစ်ဦးက ဆိုသည်။

လက်တွဲဖော် ရွေးချယ်ရာတွင် ပညာရေး၊ လူမျိုး၊ ဘာသာနှင့် ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်နိုင်မှု တူညီသည်ကို ရွေးချယ်ကြ တတ်သည်ကို လည်း တွေ့ရှိရသည်။

““အမျိုးသမီးတွေဟာ ငွေနဲ့ အလှအပကို အလဲအလှယ် မလုပ်ချင်ကြပါဘူး။ အဆင့်အတန်းမြင့်ချင်လို့ လက်ထပ်လိုက်ရုံနဲ့ အဆင့်အတန်း မြင့်မသွားပါဘူး””ဟု လေ့လာမှု ပြုခဲ့သည့် အမေရိကန်နိုင်ငံနော် တာဒန်တက္ကသိုလ်မှ လူမှုဗေဒပညာရှင် အဲလိဇဘက် မက်ကလင်တော့ခ် က ပြောသည်။

““အဲဒီအပြင် အောင်မြင်တဲ့ အသက်ကြီးကြီး အမျိုးသား တစ်ယောက်ဟာ လှပါတဲ့ စူပါမော်ဒယ်လို မိန်းကလေးတွေကို ငွေနဲ့ပေါက် ၀ယ်ယူလိုက်ခြင်းထက် အောင်မြင်တဲ့ ရွယ်တူ မိန်းမတစ်ယောက်ကို လက်တွဲဖော်အဖြစ် ရွေးချယ်တဲ့ ဥပမာတွေ အများကြီးရှိပါတယ်””ဟုလည်း ၄င်းက ဆက်ပြောသည်။

နာမည်ကျော် ကြားသူများနှင့် ပတ်သက်ပြီး ထိုလူများသည် ငယ်ရွယ်လှပသည့် ဇနီးကိုသာ လိုချင်ကြသည် ဟူသော အတွေးမျိုးသည် နာမည်ကျော် မဟုတ်သည့် သာမန်သူများ အကြားတွင် မှားယွင်း ယူဆနေကြသော အချက်လည်းဖြစ်ကြောင်း စစ်တမ်းကဆိုသည်။

ဆရာဝန် တစ်ယောက်

messenger